close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ စစ်တပ်က ပေါ်တာဆွဲလို့အလုပ်ပြန်လူငယ်တွေ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ဒီကနေ့ ညနေပိုင်းကလည်း စစ်တပ်က အိမ်စီးကားတွေနဲ့ ပေါ်တာပတ်ဆွဲလို့ အလုပ်ပြန်လူငယ်တွေ အများအပြား ဖမ်းဆီးခံလိုက်ရကြောင်းမြို့ခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရန်ကုန်တိုင်း စစ်ဌာနချုပ်မှာ ပေါ်တာဆွဲခံရတဲ့သူတွေအပါအဝင် စစ်မှုထမ်းဖို့ ရောက်လာကြတဲ့ လူငယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ပသစ

ဒီဇင်ဘာ-၇၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ဒီကနေ့ ညနေပိုင်းကလည်း စစ်တပ်က အိမ်စီးကားတွေနဲ့ ပေါ်တာပတ်ဆွဲလို့ အလုပ်ပြန်လူငယ်တွေ အများအပြား ဖမ်းဆီးခံလိုက်ရကြောင်းမြို့ခံတွေကပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၇ ရက် ညနေ ၅ နာရီခွဲဝန်းကျင်က မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ အထက(၆)အနီး၊ ထန်းတောအင်းဖြတ်လမ်းနဲ့ သမစိတ္တလမ်း စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်က အိမ်စီးကားတွေနဲ့ပတ်ပြီး လူငယ်အများအပြား ပေါ်တာဆွဲသွားကြောင်း Monywa Revolution ကဖော်ပြပါတယ်။

“ မုံရွာအလုပ်ပြန်လူငယ်တွေတော်တော်ပါသွားတယ်။” လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံလိုက်ရသူ အရေအတွက် အတိအကျမသိရသေးပေမဲ့ ၁၀ ဦးထက်မနည်း ရှိတယ်လို့ မျက်မြင်တွေ့လိုက်ရသူတွေက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့လူငယ်တွေဟာ မုံရွာစက်မှုဇုန်က ပြန်လာတဲ့ လူငယ်အလုပ်သမားလေးတွေဖြစ်ကြောင်း မြို့ခံအချို့က ပြောပါတယ်။

“ စက်မှုဇုန်ကနေ အလုပ်ပြန်လာတဲ့သူတွေ။ သူတို့ဖမ်းတာနဲ့ စက်မှုဇုန်မှာ အလုပ်သမားကို မရှိတော့ဘူး” လို့ အခြားမုံရွာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးခံရသူတွေကို ငွေပေးပြီးရွေးနိုင်ရင်တော့ ပြန်လွှတ်ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က ပေါ်တာဆွဲတာကြမ်းနေလို့ အလုပ်သမားတွေ အလုပ်စောစောဆင်းပေးဖို့ကိုလည်း မြို့ခံတွေက တောင်းဆိုနေကြောင်း သိရပါတယ်။

မုံရွာမြို့ပေါ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ပွဲတော်တွေလုပ်ကာ ပေါ်တာဆွဲတဲ့အပြင် လာမယ့် ဒီဇင်ဘာ ၁၈ ရက်ဝန်းကျင်မှာလည်း စျေးပွဲတော်ထပ်လုပ်ပြီး ပေါ်တာဆွဲဖို့ ပြင်ဆင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ