close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်ရွေးကောက်ပွဲကို ကရင်နီပြည်နဲ့ စစ်ကိုင်းတိုင်းကပြည်သူတွေဆန္ဒပြ

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၆) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာ-၂၆၊၂၀၂၅။ သုည/People’s Spring

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၆) မှာ ပြုလုပ်ခဲ့ပါတယ်။

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာန၊ ကျေးလက်မြေအဖွဲ့တို့က ဦးဆောင်ကာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ်မှာလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “ သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” ဗီနိုင်းစာသားနဲ့ ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှလည်း အောင်လံလွှင့်မည်ရွှေရေကြည်ညနေဆည်းဆာသပိတ်စစ်ကြောင်းမှ ရဲဘော်တွေက ရာသီခွင်အလုပ်မအားတဲ့ကြားမှ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြောက်ခြမ်းမှာလည်း ရွှေဥက္ကံ လူထုသပိတ်ကော်မတီ၊ ရွာပေါင်းစုံလူထုသပိတ်ကော်မတီနဲ့ သွေးမအေးတဲ့ရွှေနွယ်သွေး လူထုသပိတ်ကော်မတီတို့ ပူးပေါင်းပြီး ကျောင်းသူ၊ ကျောင်းသားတွေကို လူထုနိုင်ငံရေးအသိပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ကျေးလက်မြေအဖွဲ့

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းရန်ကာကွယ်ရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်ထဲ အုန်းတောမြောက်ရွာမှာရှိတဲ့ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရဲ့ ကျောင်းအုပ် ကြီး နေထိုင်ရာ လိုင်းခန်းမှာ ပစ်ခတ်မှု ဖြစ်ပြီး ဇနီးဖြစ်သူ သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲမပေးကြဖို့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၀)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

သမိုင်းတရားခံမဖြစ်ဖို့ စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင်စို့ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့ နိုဝင်ဘာ ၂၀ရက်မှာ ထပ်မံ နှိုးဆော်လိုက်ပြီး ‘စစ်မှန်သော နိုင်ငံရေးဖြေရှင်းချက်မဟုတ်’ သောရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

Facebook