close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲကို မဲမပေးကြဖို့ ကရင်နဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေဆန္ဒပြ

ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်မဲမပေးဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာ-၂၃၊၂၀၂၅။ သုည/People’s Spring

ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်မဲမပေးဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ကရင်ပြည်နယ် တစ်နေရာမှာ တော်လှန်လူငယ်တွေက ဦးဆောင်ပြီး “ သင့်မဲဖြင့် လူသတ်ခွင့် မပေးပါနဲ့” ၊ “ ဖက်စစ်ရွေးကောက်ပွဲ ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်” ၊ “ တရားမ၀င် အတုအယောင်ရွေးကောက်ပွဲကို လူထုအားနဲ့ တိုက်ဖျက်ကြ” စတဲ့စာသားတွေနဲ့ NO VOTE သပိတ်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာလည်း ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်းမှ စစ်အာဏာရှင် အလိုမရှိကြောင်း၊အတုယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း တောင်ယာသိမ်းရင်း ဆန့်ကျင်တော်လှန် သပိတ်မှောက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ