close
Connect with us

Hi, what are you looking for?

သတင်း

ကနီကို စစ်တပ်က ဂျက််ဖိုက်တာနှစ်စီးနဲ့ ဗုံးထပ်ကြဲ၊ တောင်သူ ၁ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို စစ်ကောင်စီက ဒီ‌နေ့(နိုဝင်ဘာ ၁၈ရက်)မှာ စစ်ကောင်စီကဂျက််ဖိုက်တာနှစ်စီးနဲ့လေကြောင်းကနေ ဗုံးကြဲလို့ အဒေသခံတောင်သူ တစ်ဦး ထပ်မံသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

ကနီမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

နိုဝင်ဘာ-၁၈၊၂၀၂၅။မိထက်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို စစ်ကောင်စီက ဒီ‌နေ့(နိုဝင်ဘာ ၁၈ရက်)မှာ စစ်ကောင်စီကဂျက််ဖိုက်တာနှစ်စီးနဲ့လေကြောင်းကနေ ဗုံးကြဲလို့ အဒေသခံတောင်သူ တစ်ဦး ထပ်မံသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

မင်းအိုရွာနဲ့သရက်ပင်ကျေးရွာကြားကို ညနေ ၅နာရီခန့်မှာ ဗုံးကြဲသွားတာဖြစ်ပါတယ်။ နှမ်းခင်းထဲ ကျရောက်ပေါက်ကွဲပြီး တောင်သူတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရတယ်လို့ သိရပါတယ်။

” ဂျက်ဖိုက်တာ ၂စီးနဲ့လာတာတော့။ ပတ်ပစ်သွားတာ။ ထိတယ်။ အရပ်သားတွေ ထိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ယခုရက်ပိုင်းမှာ ကနီမြို့နယ်ကိုဖြစ်မှတ်ထားပြီး လေကြောင်းကနေမကြာခဏတိုက်ခိုက်နေပါတယ်။ နိုဝင်ဘာ ၁၁ရက်က ကနီမြို့နယ်၊ ဝင်မနားရွာ တိုက်နယ်ဆေးရုံကို စက်တပ်လေထီးနဲ့ဗုံးကြဲခဲ့လို့ ဒေသခံတွေနဲ့ ကျန်းမာရေး ဝန်ထမ်းအချို့အပါအဝင် ခုနစ်ဦးသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဟာ အပြစ်မဲ့ပြည်သူလူထုအပေါ် ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် အရေးယူခံရမှာဖြစ်ပြီး စစ်အုပ်စုကျူးလွန်တဲ့ မြေပြင်သက်သေမှတ်တမ်းတွေ ပေးပို့ဖို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ရက်မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ လက်ရှိအချိန်မှာ ရွေးကောက်ပွဲကို အသက်သွင်းနေသလို တဖက်မှာလည်း လူထုအပေါ်အကြမ်းဖက်မှုတွေ အရှိန်မြှင့် လုပ်ဆောင် နေတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့(နိုဝင်ဘာ ၁၈ရက်) နေ့ခင်းပိုင်းမှာ ဒေသခံတွေကျောက်တူးနေကြတဲ့နေရာကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်မှုတွေရှိခဲ့ပါတယ်။

သတင်း

​တော်လှန်​ရေးမဟာမိတ်ပူးပေါင်းတပ်​တွေနဲ့ စစ်တပ်အကြား နိုဝင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင်တပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ကြောင်း ချင်းပြည်ကောင်စီ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့(နိုဝင်ဘာ ၁၈ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ KNUဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့ကို အဖွဲ့က ထုတ်ပယ်လိုက်ကြောင်း KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အတည်ပြုပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်က စာသင်ကျောင်းကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်း၊ အသေခံဒရုန်းတို့နဲ့ တိုက်ခိုက်ပြီး ကျောင်းသားတွေ အချိန်မီရွှေ့ပြောင်းနိုင်ခဲ့လို့ အထိအခိုက်မရှိခဲ့တာလို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။