close
Connect with us

Hi, what are you looking for?

သတင်း

AAနဲ့ ချင်းညီနောင်တွေ့ဆုံပြီး စစ်ကောင်စီတန်ပြန်ထိုးစစ်နဲ့ စစ်ရေးပြန်အလှန်ကူညီရေး ဆွေးနွေး

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)ခေါင်းဆောင်တွေနဲ့ ချင်းညီနောင် ခေါင်းဆောင်တွေ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - ချင်းညီနောင်

နိုဝင်ဘာ-၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)နဲ့ ချင်းညီနောင် ခေါင်းဆောင်တွေ တွေ့ဆုံမှုမှာ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်ကိစ္စကို ဆွေးနွေးခဲ့သလို စစ်ရေးအပြန်အလှန်ကူညီဖို့၊ အနာဂတ်မှာ နိုင်ငံရေး၊ စီးပွားရေး မဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ ဆွေးနွေးခဲ့ကြောင်း ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။

နိုဝင်ဘာ ၈ရက်ကကျင်းပတဲ့ ချင်းညီနောင်ရံပုံငွေရှာဖွေပွဲ အစီအစဉ်မှာ ဆလိုင်းယောမာန်က အောက်တိုဘာအတွင်းက AA တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် ULA/AA ထိပ်ပိုင်းခေါင်းဆောင်တွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ ရက္ခိုင်ခရီးစဉ်အကြောင်း ပြောပြခဲ့တာပါ။

” ပြီးခဲ့တဲ့လကပဲ တွေ့ကြတယ် ဆုံကြတယ်။ ဆွေးနွေးကြတယ်။ အဓိကတော့ တော်လှန်ရေးနဲ့ ပတ်သက်လို့ပါ။ တော်လှန်ရေးနဲ့ ပတ်သက်လို့ စစ်ရေးမှာ ဘယ်လိုရှိမလဲ ဘယ်လိုပူးပေါင်းကြမလဲ။ ဘယ်လိုမျိုး အပြန်အလှန် ကူညီကြမလဲပေါ့။ အဓိကတော့ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်လာနိုင်တာကို ခန့်မှန်းကြတာပေါ့။ ပြင်ဆင်ထားကြတာပေါ့။ အဲဒီအတွက် ပူးပေါင်းကြတာပေါ့” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရက္ခိုင်ခရီးစဉ်မှာ မြို့ကြီးအတော်များများကို လွတ်လပ်စွာသွားလာခဲ့ကြောင်းလည်း ဆလိုင်းယောမန်က ပြောပါတယ်။ ရက္ခိုင်နဲ့ ချင်းဟာ နီးနီးလေးသာဖြစ်လို့ နောင်မှာ အပြန်အလှန် ပူးပေါင်းချိတ်ဆက်ဖို့ ကိစ္စတွေပါ ဆွေးနွေးခဲ့တယ်လို့ အသိပေးပါတယ်။

“စစ်ရေးမဟာမိတ်အပြင် နောက်နောင်ကျရင် နိုင်ငံရေးမဟာမိတ် စီးပွားရေး မဟာမိတ် အထိ အဲဒီလိုမျိုး ပူးပေါင်းချိတ်ဆက်ဖို့။ လူမျိုးချင်း အပြန်အလှန် ကူညီဖေးမကြဖို့ပေါ့” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

ULA/AA သဘောထားက ရက္ခိုင်တွေ ကြီးပွားတိုးတက်ရင်ချင်းတွေ ခံစားဖို့၊ ချင်းတွေကြီးပွားတိုးတက်ရင် ရက္ခိုင်တွေလည်း ခံစားရဖို့ အပြန်အလှန် အကျိုးစီးပွားရှိအောင် စဉ်းစားကြဟု ဆလိုင်းယောမာန်က ပြောပါတယ်။

ခရီးစဉ်အတွင်း သင်ခန်းစာယူစရာ လေ့လာသင်ယူစရာများစွာ ရရှိခဲ့ပြီး အကျိုးရှိဆုံးမှာ ULA/AA အကြီးအကဲ အတော်များများနဲ့ တွေ့ဆုံခဲ့ရတာလို့ ပြောပါတယ်။

ချင်းညီနောင်အနေနဲ့ ချင်းပြည်နယ်က ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နဲ့ ဖလမ်းမြို့နယ်တွေကို မဟာမိတ်တွေနဲ့ တိုက်ခိုက်သိမ်းပိုက်ရာမှာ AA ရဲ့ စစ်ရေးအကူအညီများစွာ ရရှိခဲ့တယ်လို့လည်း မြို့သိမ်း စစ်ဆင်ရေးအောင်ပွဲတွေမှာ ချင်းညီနောင်က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တပတ်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး အထိအခိုက်များလို့ပြန်ဆုတ်ခွာသွားကြောင်း သတင်းရရှိပါတယ်။

Facebook