close
Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲကမ်ပိန်းမပူးပေါင်းလို့ဆိုကာ စစ်အုပ်စုက ဖွေးဖွေးကိုဖမ်းဆီး

အလင်း​ရောင် ပါအဖမ်းခံရဟုသတင်း​ထွက်​နေ

ဓာတ်ပုံ - Phway Phway's Facebook

နိုဝင်ဘာ-၆၊၂၀၂၅။ တေဇ/People’s Spring

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဝါဒဖြန်ချီ​ရေးအတွက် မပူးပေါင်းလို့ဆိုပြိး သရုပ်ဆောင်ဖွေးဖွေးကို စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ အနုပညာအသိုင်းအဝိုင်းကနေ သိရပါတယ်။

ပြင်ဦးလွင်မြို့မှာ ဇာတ်ကားရိုက်နေတဲ့ ဖွေးဖွေးကို စစ်ကောင်စီဘက်က လာရောက်ဖမ်းဆီးသွားတာလို့ အနုပညာလောကသားအချို့က People’s Spring ကို အတည်ပြုပါတယ်။

“ ​ဖွေး​ဖွေးအဖမ်းခံရတာ​တော့​သေချာတယ်။ အလင်း​ရောင်ကို​တော့အတည်မပြုနိုင်​သေးဘူး” လို့ အနုပညာ​လောကသားတဦးက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအားပေးတဲ့ တယ်လီဂရန် ချန်နယ်တွေမှာလည်း “ ရွေးကောက်ပွဲ လှူံ့ဆော်ရေးအတွက် ခေါ်နေတာ မလာတဲ့ အကယ်ဒမီများရှင်မင်းသမီးလေးပြင်ဦးလွင်မှာ အခေါ်ခံလိုက်ရပါပြီ” လို့ရေးသားပြီး နိုဝင်ဘာ ၆ ရက်မှာ ဝါဒဖြန့်ချီနေတာတွေ့ရပါတယ်။ ဒါအပြင်စစ်တပ်တယ်လီဂရန်ချန်နယ်တွေမှာတော့ စစ်ကောင်စီဘက်က ခေါ်ယူစစ်ဆေးပြီး ကမ်ပိန်းမှာပူးပေါင်းပါဝင်ပေးဖို့ စည်းရုံးနေတာလို့ဆိုပါတယ်။

စစ်အုပ်စုက အနုပညာရှင်တွေကို ရွေးကောက်ပွဲ ဝါဒဖြန့် ကမ်ပိန်းတွေမှာနိုဝင်ဘာ ၅ ရက်နောက်ဆုံးထားပါဝင်ဖို့ ညွှန်ကြားထားပြီး လူသိများတဲ့ အနုပညာရှင်တွေထဲက အလင်းရောင် နဲ့ ဖွေးဖွေးက နိုဝင်ဘာ ၅ ရက် ညနေအထိ ဆက်သွယ်မရဘူးလို့ စစ်တပ်​အမာခံထောက်ခံတဲ့ကျော်မျိုးမင်းက လည်းပြောထားပါတယ်။

ကမ်ပိန်းမှာမပါဝင်တဲ့အနုပညာရှင်တွေကိုအာဏာသိမ်းကာလစတင်ချိန်ကပါဝင်ခဲ့တဲ့အကြောင်းပြချက်အပါအဝင် အခြားကိစ္စတွေနဲ့ စစ်အုပ်စုက အရေးယူမှာဖြစ်တယ်လို့ ကျော်မျိုးမင်းက ခြိမ်းခြောက်ပြောဆိုထားပါတယ်။

စစ်အုပ်စုက သူတို့စိတ်တိုင်းကျလုပ်ဖို့ပြင်​နေတဲ့ရွေးကောက်ပွဲ အတွက အနုပညာလောက က နာမည်ကြီးသရုပ်ဆောင်တွေကိုသုံးထားတဲ့ ဝါဒဖြန့်ဇာတ်ကား ကို အောက်တိုဘာ နောက်​ဆုံးပတ်မှာ ထုတ်လွှင့်ခဲ့ပေမယ့် ပြည်သူတွေဘက်က အနုပညာရှင်တွေကို ​​ဝေဖန်ပြစ်တင်မှုတွေနဲ့အတူသပိတ်​မှောက်တာ( Boycott)နဲ့ လူမှု​ရေးပြစ်ဒဏ်ခတ်တာ( Social Punishment )​တွေလုပ်လာကြပါတယ်။

ဒါကြောင့် ​စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ မှာ အနုပညာရှင်အားလုံးကို အရေးပေါ် အစည်းအဝေးခေါ်ပြီး ရွေးကောက်ပွဲ ကမ်ပိန်းအတွက်မဖြစ်မ​နေပါဝင်ပေးဖို့ နဲ့ မပါဝင်ရင်အရေးယူမယ့်အကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။

စစ်ကောင်စိီက သူတို့ရဲ့ ဝါဒဖြန့်ဇာတ်ကားကို ဝေဖန်လို့ ၊ ဝေဖန်တဲ့ အကြောင်းအရာတွေကို ထောက်ခံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့လည်းစစ်တပ်က ဒါရိုက်တာ သုံးဦးနဲ့ သရုပ်ဆောင်နှစ်ဦးကို မတရားဖမ်းဆီးထားပါသေးတယ်။

ဒီ​နေ့ည ၈ နာရီခွဲမှာ စစ်တပ်​ထောက်ခံတဲ့ သတင်းဌာနတစ်ခုမှာတော့ ဖွေးဖွေး ပြန်လွတ်ပြီး အလင်းရောင် ထပ်အဖမ်းခံရတယ်လို့ သတင်းဖော်ပြထားပါတယ် ။ဒါ​ပေမယ့် အဲဒီအချက်အလက်​တွေကို လူထုနွေဦးအနေနဲ့ သီးသန့် အတည်ပြုနိုင်ခြင်းမရှိ​သေးပါဘူး။

အကျဥ်းကျရာက​နေပြန်လွတ်လာပြီး ဇာတ်ကား​တွေမရိုက်​တော့တဲ့အနုပညာရှင်​တွေအပါအဝင် အနုပညာရှင်​တွေ အားလုံးကို စစ်တပ်က ဝါဒဖြန့်ဖို့ရိုက်ကူးမ​ပေးရင် အ​ရေးယူမယ်လို့ခြိမ်း​ခြောက်ပြီး​နောက်မှာဒါရိုက်တာ ဝိုင်း ၊မီးပွား ၊မင်းလွင်ထက် ၊သြရသ ၊ အိန္ဒြာ​ကျော်ဇင် ၊​ပြေတီဦးစတဲ့ နမည်ကြီးအနုပညာရှင်​တွေပါ ရိုက်ကူး​ပေး​နေရတယ်လို့ စုံစမ်းသိရပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တပတ်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး အထိအခိုက်များလို့ပြန်ဆုတ်ခွာသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာ ရဲစခန်းထဲကနေ ထွက်လာပြီး စျေးလာဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကို နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ ငါန်းဇွန်အထူးတပ်ဖွဲ့ ( Special Task Force Ngazun) ကနေ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲကြို ကာလမှာ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ နေရာကို ကာမာလာ ဟားရစ်နဲ့ အစားထိုး ယှဉ်ပြိုင်စေခဲ့တဲ့ ဒီမိုကရက်တစ် ပါတီရဲ့ ဆုံးဖြတ်ချက် မှားခဲ့တယ်လို့ သူယူဆကြောင်း ဟောလိဝုဒ် နာမည်ကျော်မင်းသား ဂျော့ဂျ်ကလူနီးက ပြောကြားခဲ့ပါတယ်။