close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို စစ်ကူတိုက်ပေးနေတဲ့ ZRA ခေါင်းဆောင်အချို့ ရွေးကောက်ပွဲဝင်ပြိုင်

အာဏာသိမ်းစစ်ကောင်စီတပ်ကို စစ်ကူတိုက်ပေးနေတဲ့ ဇိုမီးတော်လှန်ရေးတပ်(ZRA) ခေါင်းဆောင်အချို့ဟာ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ ချင်းသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဇိုမီးတော်လှန်ရေးတပ်(ZRA)က တာဝန်ရှိသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ZRA

အောက်တိုဘာ-၃၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်ကို စစ်ကူတိုက်ပေးနေတဲ့ ဇိုမီးတော်လှန်ရေးတပ်(ZRA) ခေါင်းဆောင်အချို့ဟာ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ ချင်းသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ZRAကို စစ်ကောင်စီက လက်နက်ထောက်ပံ့ပေးထားသလို ချင်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ZRA ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးပေါင်လွန်မင်းထန်နဲ့ ဒေါ်ကျိန်ငိုက်မန်တို့ဟာ တီးတိန်မြို့နယ် မဲဆန္ဒနယ်က ဝင်ပြိုင်ဖို့ရှိတယ်လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားချင်းသတင်းရင်းမြစ်တဦးကလည်း “ တယောက်ကတော့ သေချာမသိသေးဘူး။ ဒါပေမဲ့ တယောက်ကိုတော့ ကျနော်သေချာကောင်းကောင်းသိတယ်။ တယောက်ကတော့ တီးတိန်မြို့နယ်က မဟုတ်ဘဲ တွန်းဇံမြို့နယ် ကနေ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ပေါ့ ZRA ခေါင်းဆောင်တယောက်ပေါ့ သူက ဦးပေါက်လွန်မင်းထန်ဖြစ်တယ်” လို့ ပြောပါတယ်။

ဒေါ်ကျိန်ငိုက်မာန်ကတော့ ZRA ခေါင်းဆောင်တွေနဲ့ ဆက်သွယ်မှု ရှိသူတဦးအဖြစ်သာ သိရှိကြောင်း ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

” အာဏာသိမ်းတဲ့နောက်ပိုင်းမှာ ZRAနဲ့ စစ်ကောင်စီက ပူးပေါင်းပြီးသား။ သူတို့က တွန်းဇံတိုက်ပွဲမှာလည်း ZRAနဲ့ စစ်ကောင်စီတပ်သားတွေက တွန်းဇံမြို့ရဲ့ မီးသတ်ရုံးမှာ အတူတူရှိတယ်။ တွန်းဇံတိုက်ပွဲ(ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ရဲ့ တွန်းဇံမြို့သိမ်းတိုက်ပွဲ)တုန်းက။ စစ်ကောင်စီနဲ့ ပူးပေါင်းတယ်ဆိုတော့ အဲဒါကြောင့် သူတို့က စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပါဖို့ သူတို့ လုပ်တာဖြစ်တယ်” လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာလည်း ZRAဟာ စစ်ကောင်စီတပ်နဲ့ ပေါင်းပြီး တွန်းဇံမြို့နယ်ကို တိုက်ဖို့ပြင်ဆင်နေတယ်လို့ ကြားသိရကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

” သူတို့က တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ပြီးမှ စစ်ကောင်စီ ရွေးကောက်ပွဲကို သူတို့ က လုပ်ဖို့ စီစဉ်ထားတာမျိုးပေါ့” လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိမှာ တီးတိန်မြို့နယ်အတွင်း မြေပြင်စစ်ကြောင်းထိုးတာ လေကြောင်းက စစ်အင်အားဖြည့်တင်းတာတွေလုပ်ဆောင်နေပြီး လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနုပညာရှင်တွေ နိုင်ငံခြားထွက်ရင် ကြိုတင်အကြောင်းကြားရမယ်ဆိုကာပြည်ပထွက်ခွင့်ကန့်သတ်

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်လောင်းလုံမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၁၂ဦးသေဆုံးကာ လက်နက်မျိုးစုံ ၂၁လက်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ဒီကနေ့ အောက်တိုဘာ ၃၀ရက် မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်တပ်အုပ်ချုပ်ရေးနဲ့ စစ်အာဏာရှင်စနစ် ဆက်လက်တည်တံ့ရေးကိုသာ ဦးတည်နေတာဖြစ်လို့ နိုင်ငံရေးပဋိပက္ခကိုသာ ကြံ့ကြာစေမှာဖြစ်ကြောင်း ချင်းပြည်ကောင်စီက ထုတ်ပြန်လိုက်ပြီး အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းတွေအနေနဲ့ အသိအမှတ်မပြုဖို့၊ ပံ့ပိုးမှုမလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်နဲ့ အမျိုးသမီး တစ်ဦး တို့ သေဆုံးပြီး သုံးဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook