close
Connect with us

Hi, what are you looking for?

သတင်း

မိုးညှင်းနဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ် KIA သတိပေး

ကချင်ပြည်နယ်၊ မိုးညင်းမြို့နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့ကို ဒီနေ့(အောက်တိုဘာ ၂၇ရက်)မှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်သွားပါတယ်။

မိုးမိတ်မြို့နယ်ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲပြီး​နောက် အ​ဆောက်အအုံအချို့ပျက်စီး​ နေစဥ်။ ဓာတ်ပုံ -​ဒေသခံ

အောက်တိုဘာ-၂၇၊၂၀၂၅။လူအေး/People’s Spring

ကချင်ပြည်နယ်၊ မိုးညင်းမြို့နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့ကို ဒီနေ့(အောက်တိုဘာ ၂၇ရက်)မှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်သွားပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မိုးညှင်းမြို့နယ်ထဲက တနေရာကို Y12လေယာဉ်နဲ့ ဗုံးကြဲတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

” ဖားကန့်ဘက်လည်း ညက လေယာဉ်ပစ်တယ်။ ဒီမနက်မှာကြ‌တော့ မိုးညှင်းနယ်ထဲကို ကြဲတာပါ။ ဗုံးကြဲတဲ့ရွာမှာ အရပ်သားတွေရှိပါတယ်” လို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မိုးညှင်းခရိုင်ထဲမှာ ဖားကန့်မြို့နယ်ပါဝင်ပြီး စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေ လုပ်နေပါတယ်။

” ဖားကန့်မှာ ထိတွေတိုက်ပွဲမဖြစ်တာတပတ် လောက်ရှိပါပြီ။စစ်ကောင်စီတပ်က လေကြောင်းနဲ့လက်နက်ကြီးတွေရမ်းသမ်းပစ်နေလို့ အဲဒီအန္တရာယ်ကိုသတိပြုဖို့လိုတယ်” လို့ ကချင်လွတ်လပ်ရေတပ်မတော်( KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာ၂၆ရက်မှာ သတိပေးပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ မိုးမိတ်မြို့ကိုတော့ မနက်ရော နေခင်းပိုင်းမှာပါ ဂျက်ဖိုက်တာနဲ့ဗုံးကြဲလာလို့သိရပါတယ်။

မြို့အနီးမှာရှိတဲ့ ဝဲပေါင်းရွာနဲ့ မြစ်ဆုံကျေးရွာကို မနက်အစောပိုင်းမှာ ဗုံးကြဲတာဖြစ်ပြီး မန်ကျည်းပင်ကျေးရွာ မီးသတ်ရုံးကိုတော့ နေ့ခင်း ၁၂နာရီကျော်မှာ ဗုံးကြဲတာလို့ သိရပါတယ်။

” မီးသတ်ရုံးကိုကြဲတာတော့ အထိအခိုက်မရှိဘူး။ ဝဲပေါင်းနဲ့မြစ်ဆုံရွာကတော့ မသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ‌တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ဒေသတွေကိုလည်း စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲနေလို့ သတိပြုဖို့ TNLAက သတိပေးထားပါတယ်။

ဒီနေ့မနက်ပိုင်းဗုံးကြဲခံရတဲ့ ဝဲပေါင်းကျေးရွာကိုအောက်တိုဘာ ၉ရက်ကလည်း စစ်ကောင်စီကဗုံးကြဲခဲ့လို့ ကလေးနှစ်ဦးအပါအဝင် အရပ်သား ရှစ်ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Facebook