close
Connect with us

Hi, what are you looking for?

သတင်း

မကွေးမှာဆီဘောက်ဆာနဲ့ လိုက်ထရပ်ကား တိုက်မိပြီး လူငါးဦး သေဆုံး

အောက်တိုဘာ-၂၂၊၂၀၂၅။တေဇ/People’s Spring

မကွေးမြို့နယ် ၊ ကန်လှကျေးရွာ အနီးမှာ ဆီဘောက်ဆာကားနဲ့ လိုက်ထရပ်ကား ( Light Truck) မျက်နှာချင်းဆိုင်တိုက်မိပြီး ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးသေ‌ဆုံးခဲ့တယ်လို့ မီးသတ် တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

“ နှစ်ဖက်စလုံးပဲ။ သေဆုံးအရေအတွက်မသိရသေးပါဘူး။ များတော့များတယ်” လို့ ဒီဖြစ်စဉ်ကိုသွားရောက်ကူညီတဲ့ လူမှူကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မီးသတ်တပ်ဖွဲ့ကတော့ ဒီဖြစ်စဉ်မှာ သေဆုံးသူ အမျိုးသား သုံးဦး၊ အမျိုးသမီးတစ်ဦး နဲ့ ကလေးတစ်ဦး စုစုပေါင်း ငါးဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၂ ရက်နေ့ခင်း ၁ နာရီခွဲခန့်မှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး မကွေးဆေးရုံ အရေးပေါ်ဌာနကိုပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

မီးသတ်ကထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေမှာတော့ သစ်ပင်ကို တိုက်ထားတဲ့ ဆီဘောက်ဆာကား ရှေ့ခန်းမှာ ညှပ်နေတာသူတွေကို ကယ်ထုတ်နေ တာကိုတွေ့ရပါတယ်။

(ယာဉ်တိုက်မှုဖြစ်ပြီးနောက် ကယ်ဆယ်ရေးလုပ်နေစဉ်။ ဓာတ်ပုံ – MFSD)

ဆက်စပ်သတင်းများ