close
Connect with us

Hi, what are you looking for?

သတင်း

မန်း တက္ကသိုလ်ရာပြည့်ပွဲကို စစ်ကောင်စီခေါင်းဆောင်လာရောက်ဖို့ရှိတာကြောင့် မြို့အနှံ စစ်ဆေးနေ

မန္တလေးတက္ကသိုလ် ရာပြည့်ပွဲကို အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် တက်ရောက်မှာဖြစ်တဲ့အတွက် မြို့ရဲ့နေရာအနှံ့မှာ ဒီနေ့ အောက်တိုဘာလ ၂ ရက်ကစတင်ပြီး စစ်တပ်ကပိတ်ဆို့ ရှာဖွေစစ်ဆေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

မန္တလေးနန်းတွင်းရှိအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဆီစစ်ကောင်စီခေါင်းဆောင်လာရောက်ခဲ့စဉ် (ပုံဟောင်း)

အောက်တိုဘာ – ၂ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးတက္ကသိုလ် ရာပြည့်ပွဲကို အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် တက်ရောက်မှာဖြစ်တဲ့အတွက် မြို့ရဲ့နေရာအနှံ့မှာ ဒီနေ့ အောက်တိုဘာလ ၂ ရက်ကစတင်ပြီး စစ်တပ်ကပိတ်ဆို့ ရှာဖွေစစ်ဆေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

စစ်တပ်က အဓိကဦးဆောင်ပြီး ဆိုင်ကယ် Tool Box တွေကိုဖွင့်စစ်တာ ၊ ကား နောက်ခန်းတွေ ကို ဖွင့်ပြခိုင်းတာအပြင် လိုင်စင်မဲ့ယာဉ် ဟုတ်၊မဟုတ်ပါ စစ်ဆေးနေတာလို့ သိရပါတယ်။

“နေရာတိုင်းမှာ စစ်နေတာ ၊ဒီနေ့တစ်ရက်တည်းကို သုံးခေါက်ရှိပြီ စစ်ခံနေရတာ”လို့ ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မြို့တွင်း စစ်ဆေးရာမှာ တစ်ဖွဲ့ကို စစ်သား ၊ ရပ်ကျေးလုံခြုံရေး(အပြာဝတ်)တွေအပါအဝင် အင်အား ၃၀နီးပါးရှိတယ်လို့ သိရပါတယ်။ ဒါအပြင် မြို့အစွန့်က နေရာတွေမှာ ဘေးတွဲယာဉ်တွေ ၊ လိုင်စင်မဲ့ကားတွေကိုပါ လိုက်လံ စစ်ဆေးတာရှိနေပါတယ်။

မန္တလေးတက္ကသိုလ်ရာပြည့်ပွဲကို အောက်တိုဘာ ၄ ရက်ကစတင်ကာ ‌သုံးရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။ဖွင့်ပွဲနေ့ကို စစ်ကောင်စီခေါင်း ဆောင်တက်ရောက်မှာပါ။ ဒါကြောင့် ရာပြည့်ပွဲကို လုံခြုံရေးတင်းကြပ်ထားသလို ပွဲဝင်ခွင့်ကိုလည်း ကန့်သတ်ထားတယ် သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာတတိယပတ်က သွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ထားဝယ်ခရီးစဥ်နောက်ပိုင်းမှာ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ဆက်စပ်နေရာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်းနဲ့အတူ အင်အားတိုးချဲ့တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က လက်ခံတွေ့ဆုံမှုကို ရုရှားသမ္မတ အိမ်တော်ဖြစ်တဲ့ကရင်မလင် နန်းတော်ရဲ့တရားဝင် ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူလူထုကို အဓမ္မစစ်သားစုဆောင်းနေတဲ့လုပ်ရပ်နဲ့ဟာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့အကျိုးစီးပွားအတွက်အဓမ္မအသုံးချနေတာဖြစ်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟို စစ်ဌာနချုပ်က ဒီကနေ့ စက်တင်ဘာ ၂၆ရက်မှာထုတ်ပြန်ပါတယ်။

သတင်း

ထားဝယ်မြို့ကိုလာတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ခရီးစဥ်မှာ လုံခြုံရေးယူဖို့လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။