ဧပြီ ၁၇၊၂၀၂၅။ သုည/People’s Spring
အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်နှင့် ခြေစမ်းကစားမည့် ASEAN-All Stars အသင်းတွင် ပါဝင်ကစားရန် မြန်မာ့လက်ရွေးစင်ကွင်းလယ်လူ မောင်မောင်လွင် ရွေးချယ်ခံရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့ (ဧပြီ ၁၇)တွင် သတင်းထုတ်ပြန်သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF)သည် လာမည့် မေလ ၂၈ ရက်၊ မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်းတွင် မန်ချက်စတာယူနိုက်တက်နှင့် ASEAN-All Stars တို့ခြေစမ်းပွဲအား စီစဉ်ကျင်းပသွားမည် ဖြစ်ပြီး ယင်းခြေစမ်းပွဲတွင် မောင်မောင်လွင်အား ASEAN-All Stars မှ ပါဝင်ကစားရန် ရွေးချယ်လိုက်ကြောင်း AFF က မြန််မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို တရားဝင် ဆက်သွယ်အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
မောင်မောင်လွင်သည် လက်ရှိတွင် မြန်မာ့လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြ ပါဝင်ကစားနေသလို ထိုင်းပရီးမီးယားလိဂ်ကလပ် Lamphun Warrior FC တွင်လည်း ခြေစွမ်းပြ ကစားနေခြင်းကြောင့် ASEAN-All Stars အသင်းအတွက် မြန်မာကိုယ်စားပြု ရွေးချယ်ခြင်း ဖြစ်ကြောင်း AFF က ဖော်ပြခဲ့သည်။

Public Service Announcement
ASEAN-All Stars အသင်းကို နည်းပြချုပ်အဖြစ် ဗီယက်နမ်လက်ရွေးစင် အသင်းနည်းပြ MR. Kim Sang-Sik ကတာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။
