ဧပြီ – ၁၂၊၂၀၂၅/People’s Spring
ဖျက်အားပြင်း စစ်ကိုင်းငလျင်ကြီးဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားတဲ့ ဧရာဝတီမြစ်ကူး အင်းဝတံတားကို အိန္ဒိယ စစ်အင်ဂျင်နီယာတွေက စစ်ဆေးပေးခဲ့တယ်လို့ ရန်ကုန်မြို့မှာ ရှိတဲ့ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ပါတယ်။
ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ဖျက်သိမ်းရေးဆိုင်ရာ ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့က အင်းဝ တံတား ကို စစ်ဆေးအကဲဖြစ်ပေးခဲ့တာလို့ သံရုံးက ဖော်ပြပါတယ်။
အဲဒီ အိန္ဒိယ စစ်အင်ဂျင်နီ အဖွဲ့ဟာ နေပြည်တော်နဲ့ မန္တလေး က ငလျင်ဒဏ်သင့်နေရာတွေကို လည်း စစ်ဆေး ပေးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement
ငလျင်ကြီးဒဏ်ကြောင့် ပျက်စီးသွားတဲ့ အင်းဝတံတားဟာ မန္တလေး တိုင်း အင်းဝမြို့ဟောင်းနဲ့ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ကို ဆက်သွယ်ပေးထားတဲ့ ရထားလမ်းပါ သံပေါင်ပေါင်းကူးတံတားဖြစ်ပါတယ်။
အင်းဝတံတားကို ကိုလိုနီခေတ် ၁၉၃၄ ခုနှစ်မှာ ဗြိိတိသျှတို့က တည်ဆောက်ပေးခဲ့ပြီး ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဖောက်ခွဲဖျက်ဆီးခံရပါတယ်။
မြန်မာ နိုင်ငံလွတ်လပ်ရေးရပြီး ၁၉၅၄ ခုနှစ်မှာ တံတားကို ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့ပြီး ဆက်လက်အသုံးပြုခဲ့တာဖြစ်ပါတယ်။
ယခင်စစ်အစိုးရ လက်ထက်မှာတော့ အင်းဝတံတားအနီးမှာ ဧရာဝတီတံတား (ရတနာပုံ) ကို တည်ဆောက်ခဲ့ပါတယ်။
