close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ ILO ရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုဆန္ဒပြ

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း(ILO)ရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ KMD18

သုည/People’s Spring

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း(ILO)ရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီတပ်တွေ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားမှ ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ တော်လှန်လူငယ်တွေက ILO ပုဒ်မ ၃၃ နဲ့ စစ်ကောင်စီကို ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုတဲ့ ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနဲ့အတူ ပူး​​​ပေါင်းကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် လူထုလှုပ်ရှား တောင်းဆိုမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း ဒေသခံသပိတ်စစ်ကြောင်းက “ILO implement Article 33 On Myanmar Now 2025” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် လုပ်ဆောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်များ လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့နေရာအနှံ့အပြားတွင် တော်လှန်လူငယ်များက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)​၏ ပုဒ်မ(၃၃)ဖြင့် စစ်ကောင်စီကို ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုသည့် ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၁) ပြုလုပ်ခဲ့သည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၄)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီး ငလျင်အန္တရာယ်ခြိမ်းခြောက်မှုပိုများ လာပြီး ယနေ့ နံနက်အစောပိုင်း၌ မအူပင်မြို့တွင် လုပ်သော ရစ်ခ်ျတာစကေး ၅ဒဿမ၁ ငလျင် ကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းမှ မြို့အများ အပြား ငလျင်လှုပ်ရှားမှု သိသိသာသာ ခံစားလိုက်ရသည်။

သတင်း

စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီ၏ အဓမ္မစုဆောင်းထားသော စစ်မှုထမ်းဥပဒေမှ တပ်သားသစ်ငါးဦး အလင်းဝင်လာကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ယနေ့(မတ်လ ၄ ရက်) ထုတ်ပြန်သည်။

Facebook