မန္တလေးမြို့ မှာ ငလျင်ကြောင့် ပြိုကျသွားတဲ့ ဦးလှသိန်း ဗိမာန် အဆောက် အဦး အပျက်အစီးတွေကြား ပိတ်မိနေတဲ့သံဃာ အပါး ၁၀၀ ကျော်ကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေတယ်လို့မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ( မန္တလေးတိုင်း)က ထုတ်ပြန်ပါတယ်။
ညပိုင်းအထိ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေပြီး စက်ယန္တယားတွေသုံးကာ အပျက်အစီးတွေကို ဖယ်ရှားနေတာကိုတွေ့ရပါတယ်။
ကနဦးသတင်းတွေအရတော့ ဦးလှသိန်း ဗိမာန်မှာ သံဃာအပါး ၂၀၀ ကျော် စာဖြေနေချိန် ငလျင်လှုပ်ခတ်တာကို ကြုံခဲ့ရတာလို့ သိရပါတယ်။

Public Service Announcement
ဓာတ်ပုံ – မြန်မာနိုင်ငံ လူမူကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)
