မတ်-၂၈၊၂၀၂၅။နေ့သစ်/People’s Spring
နှစ်ပေါင်း ၁၀၀ ကျော်အတွင်းအင်အားအပြင်းဆုံး ငလျင်ကြီးကြောင့် မန္တလေးမြို့က မစိုးရိမ်ကျောင်းတိုက်ပြိုကျမှု နဲ့ မြေငလျင်လှုပ်နေချိန် မြင်ကွင်းတွေဖြစ်ပါတယ် ။ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ မြေငလျင်ကြောင့် အဆောက်အအုံကြီးတွေပေါများတဲ့ မန္တလေးမြို့ဟာ ပျက်စီးဆုံးရှူံးမှု အများဆုံးဖြစ်ပါတယ် ။ သေဆုံးဒဏ်ရာရသူများပြားသလို ၊ပြိုကျတဲ့ တိုက်တွေမှာပိတ်မိနေသူများစွာကျန်ရှိနေသေးတယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေကပြောပါတယ်။
၁၉၁၂ ခုနှစ်က မေမြို ငလျင်ဟာ ပြင်းအားရက်ချ်တာစကေး ၇.၆ မှ ၇.၇ အတွင်းရှိပြီး အဲဒီနောက်ပိုင်း ဒီနေ့ (မတ် ၂၈ )လှုပ်ခတ်ခဲ့တဲ့မြေငလျင်ဟာနှစ် ၁၁၀ ကျော်အတွင်းအပြင်းထန်ဆုံးဖြစ်တယ်လို့မြေငလျင်ပညာရှင် ဒေါက်တာမျိုးသန့်ကပြောပါတယ် ။ငလျင်ကြောင့် နေပြည်တော် မှာ ၉၆ ယောက် ၊ စစ်ကိုင်းမြို့မှာ ၁၈ ယောက်၊ ကျောက်ဆည်မြို့မှာ ၃၀ ယောက်စုစုပေါင်း ၁၄၄ ယောက်သေဆုံးပြီးဒဏ်ရာရသူ ၇၃၀ ကျော်ရှိ တယ်လို့အာဏာသိမ်းခေါင်းဆောင်က မတ် ၂၈ ရက်ညပိုင်းမှာ ထုတ်ပြောပါတယ်။ ဒါပေမယ့် အာဏာသိမ်းခေါင်းဆောင်ပြောတဲ့အထဲမှာ ပျက်စီးဆုံးရှုံးမှုများတဲ့ မန္တလေးမပါသေးပါဘူး ။ People’s Spring ကမတ်လ ၂၈ ရက်ညပိုင်းမှာ စုံစမ်းအတည်ပြုမှုအရ အင်းလေးကန် မှာ (၂၀ ) ဦး ဝန်းကျင် ၊ ရှမ်းပြည်တောင်ပိုင်း၊အောင်ပန်းမြို့က ဟိုတယ်အောင်ပန်း ပြိုကျမှုဖြစ်စဉ်မှာ အမျိုးသမီး ၂ဦး၊တောင်ငူမြို့က ဝေဠုဝန်ကျောင်းသိမ်ပြိုကျမှုမှာလည်း ကိုရင်တစ်ပါးအပါအဝင် စစ်ရှောင်ကလေးငယ် ၅ ဦး သေဆုံးခဲ့ရတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေ ၊ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

Public Service Announcement
ဒါအပြင်မန္တလေးမြို့က ဗလီ ၃၀ထက်မနည်း ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုများတယ်လို့ မန္တလေးမြို့က အစ္စလာမ်ဘာသာဝင်တွေက ပြောပါတယ်။ ပြိုကျပျက်စီးခဲ့တဲ့ ဗလီတွေထဲက အချို့ဟာ နှစ်ပေါင်း ၁၀၀ကျော်ရှိတဲ့ ဗလီတွေဖြစ်တယ်လို့ သိရပါတယ်။ ဗလီတစ်ခုမှာ သုံး၊ လေးဦး သေဆုံးမှုရှိတယ်လို့ ကြားသိရပြီး အရေအတွက်များလို့ စုစုပေါင်းအရေအတွက်ကို မသိရသေးဘူးလို့ မန္တလေးမြို့ခံ အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောပါတယ်။
မန္တလေးမြို့ မြို့နယ်အစုံမှာ သေဆုံးသူအရေအတွက် စာရင်းတွေ မတ် ၂၈ ရက်ညပိုင်းမှာ နေရာစုံကတက်လာနေပြီဖြစ်ပေမယ့် အရေအတွက်ခန့်မှန်းလိုခက်နေဆဲပါတယ် ။ဒါအပြင် ပြိုကျပျက်စီးတဲ့အဆောက်အအုံတွေအောင်မှာ ပိမိနေသူ ၊ပိတ်မိနေသူများစွာရှိတာကြောင့် သေဆုံးသူအရေအတွက်အများကြီးဖြစ်နေမှာကိုပြည်သူတွေစိုးရိမ်နေကြပါတယ် ။
ဒါကြောင့် တစ်နိုင်ငံလုံးသေဆုံးသူအရေအတွက်ဟာအနည်းဆုံးရာပေါင်းများစွာရှိနိုင်တယ်လို့ကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေကခန့်မှန်းပါတယ်။နောက်ရက်တွေမှာ အရေအတွက်တွေ ဆက်တိုက်တိုးလာဖွယ်ရှိတယ်လို့သူတို့ကဆိုပါတယ် ။
မြန်မာ့သမိုင်းမှာ လူ ၃၀၀ ကျော်သေဆုံးပြီး လူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ ၁၈၃၉ ခုနှစ်မှာလှုပ်ခဲ့တဲ့ အင်းဝမြေငလျင်ဟာပြင်းအား ရက်ချ်တာ
စကေး ၈ ခန့်ရှိပါတယ်။
ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရတဲ့ နေပြည်တော်မှာ လူသေဆုံးမှုများတာဟာ ဆောက်လုပ်
ရေးလုပ်ငန်းတွေက အရည်အသွေးနိမ့် အဆောက်အအုံတွေဆောက်လုပ်ခဲ့ကြတာကြောင့်လို့ ဝန်ထမ်းအချို့ကပြောပါတယ် ။
“ကန်ထရိုက်တိုက်တွေမခိုင်တော့တော်တော်လေးကိုအပျက်အစီးများတယ်။ သေဆုံးတဲ့ကိန်းဂဏန်း ဖုန်းမနိုင်ဖိမရဖြစ်လာလိမ့်မယ်ထင်တယ်။ အခုညလည်း ဝန်ထမ်းတွေ လမ်းပေါ်တွေမှာနေကြရတယ်”လို့ ဝန်ထမ်းတစ်ဦးကပြောပါတယ် ။
