close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာသတင်းဓာတ်ပုံဆရာ World Press Photo ဆုရရှိ

ဂုဏ်သိက္ခာကြီးမားသော ကမ္ဘာ့သတင်းဓာတ်ပုံ(World Press Photo)ဆုရရှိသူများကို ယနေ့ ထုတ်ပြန်ကြေညာရာ မြန်မာနိုင်ငံမှ သတင်းဓာတ်ပုံဆရာ ကိုရဲအောင်သူက Stories ကဏ္ဍဖြင့် ဆုရရှိခဲ့သည်။

Photographer - Ye Aung Thu

မတ် ၂၇၊ ၂၀၂၅။ လီလီယန်/People’s Spring

ဂုဏ်သိက္ခာကြီးမားသော ကမ္ဘာ့သတင်းဓာတ်ပုံ(World Press Photo)ဆုရရှိသူများကို ယနေ့ ထုတ်ပြန်ကြေညာရာ မြန်မာနိုင်ငံမှ သတင်းဓာတ်ပုံဆရာ ကိုရဲအောင်သူက Stories ကဏ္ဍဖြင့် ဆုရရှိခဲ့သည်။

သတင်းဓာတ်ပုံဆရာ ကိုရဲအောင်သူက စစ်တပ်အာဏာသိမ်းမှုကို လက်နက်စွဲကိုင်တော်လှန်နေသူများနှင့် စစ််ဘေးရှောင်ပြည်သူများအကြောင်း ရိုက်ကူးထားသော သတင်းဓာတ်ပုံ ၁၀ပုံဖြင့် 2025 World Press Photo ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ဘယ်နေရာမှာမှ မမေ့မလျော့ဘဲ ကမ္ဘာကြီးကို ဆက်လက် သတိပေးနေရမယ်ဆိုပြီး အသံထွက်နိုင်သလောက် အသံထွက်တာပါပဲ။ အဲဒီတော့ ဒီမှာ ဖြစ်နေတဲ့ တော်လှန်ရေးကာလတစ်ခုလုံးကို ဖြတ်သန်းနေရတဲ့ ပုံစံတွေ၊ ကမ္ဘာ့သတင်းတွေကြားမှာ ကိုယ့်မြန်မာနိုင်ငံမှာ နှိပ်ကွပ်ခံနေရတာတွေ၊ နောက် လူငယ်တွေရဲ့ ရုန်းကန်မှုတွေ၊ လူငယ်တွေရဲ့ တော်လှန်မှုတွေ၊ သူတို့ရဲ့ စိတ်ဓာတ်တွေ ဒါတွေကို ဆက်ပြီး ဖော်ပြနိုင်အောင် ကြိုးစားတာပါပဲ။ ဒီဓာတ်ပုံတွေအားလုံးကလည်း လူငယ်တွေနဲ့ ပေးဆပ်ထားသူအားလုံးကိုပဲ ရည်ရွယ်တာပဲလေ” ဟု သတင်းဓာတ်ပုံဆရာ ကိုရဲအောင်သူက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ကိုရဲအောင်သူသည် ‘A nation in conflict’(ပဋိပက္ခထဲက တိုင်းပြည်)ဟု အမည်ပေးထားသော ဓာတ်ပုံ ၁၀ဖြင့် World Press Photo ဆုကို ရရှိခဲ့သည်။

World Press Photo ဆု ရရှိခဲ့သည့် သတင်းဓာတ်ပုံ ၁၀ပုံကို ကရင်နီ(ကယား)ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ တော်လှန်ရေးအဖွဲ့များအကြောင်း၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လိုဏ်ဂူထဲတွင် စစ်ဘေးရှောင်များ အခြေအနေ၊ စစ်တပ်နှင့်တိုက်ပွဲများအတွင်း ကျဆုံးသွားခဲ့သော တော်လှန်ရေးရဲဘော်များအား သင်္ဂြိုလ်ရန် ပြင်ဆင်နေပုံတို့ကို ရိုက်ကူးထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပိုင်းနောက်ပိုင်း World Press Photo ဆုကို သတင်းဓာတ်ပုံဆရာ ကိုတာမွေနှင့် ဓာတ်ပုံဆရာ၊ ရုပ်ရှင်ဖန်တီးသူ မောင်ခမ်းဝါတို့ ရရှိထားသည်။

ဆက်စပ်သတင်းများ

Facebook