close
Connect with us

Hi, what are you looking for?

သတင်း

မြို့ပြစစ်ဆင်​ရေး ရည်ရွယ်ထား၍ ပြည်သူများလုံခြုံရေးဂရုပြုရန် Spring Warriors Column တိုက်တွန်း

တော်လှန်ရေးပူးပေါင်းတပ်များ အနေဖြင့် မြို့ပြများသို့ ဝင်ရောက်ရန်ရည်ရွယ်ထားပြီးဖြစ်၍ ပြည်သူများလုံခြုံရေး ဂရုစိုက်ရန်စစ်ကောင်စီ၏ လေကြောင်း၊လက်နက်ကြီးရန်ကာကွယ်ရေးအစီအမံများပြင်ဆင်ထားရန် Spring Warriors Column တာဝန်ရှိသူက တိုက်တွန်းသည်။

စစ်​​ကောင်စီတပ်စခန်းကို တိုက်ခိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-တောင်ပိုင်းတိုင်းစစ်ဒေသအမှတ်(၂) စစ်ဒေသခွဲ ၊ SWC

မတ်-၂၆၊၂၀၂၅။ဟန်နွေ/People’s Spring

တော်လှန်ရေးပူးပေါင်းတပ်များ အနေဖြင့် မြို့ပြများသို့ ဝင်ရောက်ရန်ရည်ရွယ်ထားပြီးဖြစ်၍ ပြည်သူများလုံခြုံရေး ဂရုစိုက်ရန်စစ်ကောင်စီ၏ လေကြောင်း၊လက်နက်ကြီးရန်ကာကွယ်ရေးအစီအမံများပြင်ဆင်ထားရန် Spring Warriors Column တာဝန်ရှိသူက တိုက်တွန်းသည်။

Spring Warriors Column (SWC) ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ PDF တပ်များ ပါဝင်သော ပူးပေါင်းတပ်များသည် မတ်လ ၂၅ရက်တွင် ပဲခူးတိုင်းကျောက်တံခါးမြို့နယ် ၊စဥ့်အိုးလဟာကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ အထိုင်စခန်းအား တိုက်ခိုက်ခဲ့သည်။

အဆိုပါစစ်ကောင်စီစခန်းကိုPDFဗျူဟာ(၂၅)လက်အောက်ခံ တပ်ရင်းများဖြစ်​သော Spring Worrior Column ၊ ၃၇၀၂ တပ်ရင်း၊ အထူးကွန်မန်ဒို (ရိုးမ-၂)တပ်ရင်းတို့က KNU/KNLA ရင်း(၉) ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။တိုက်ပွဲ ၄နာရီကျော်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်မှ ၁၂ဦးထက်မနည်း သေဆုံးခဲ့ကာ ပူးပေါင်းတပ်မှ ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ဟု Spring Warrior Column ကအသိပေးထားသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးပူးပေါင်းတပ်များအနေဖြင့် ယခင်က တောတောင်များ၌သာ​ပြောက်ကျား စစ်ဆင်ရေးသာဖော်ဆောင်နိုင်ခဲ့သော်လည်း ယခုအခါမြို့ပြအနီး ဝင်ရောက်လာနိုင်ပြီဖြစ်ကြောင်းအထက်ပါတာဝန်ရှိသူက ပြောသည်။

“အရင်တုန်းက တောတောင်တွေထဲမှာ ပစ်ပြေးပုံစံမျိုး မိုင်းဆွဲတိုက်ခိုက်တဲ့ ပုံစံမျိုးလောက်ပဲ လုပ်နိုင်တာ။ အခုအခြေအနေကျတော့ သူတို့ရဲ့ တပ်ရင်း၊ တပ်မတွေ တည်ရှိရာနေရာနဲ့ အနီးတဝိုက်ဖြစ်တဲ့ မြို့ပြလိုဟာမျိုးမှာ သူတို့ အဓိက အုပ်စိုးတဲ့ မြို့ပြလိုနေရာမျိုးမှာ ကျနော်တို့ လာရောက်ခြိမ်းခြောက်နိုင်ပြီဆိုတော့ တော်တော်လေးကို အားတက်စရာပေါ့နော်” ဟု ၎င်းက ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်များ၏ စစ်ရေးဖော်ဆောင်မှုသည် ခုခံစစ်ပုံစံမျိုးထက် ထိုးစစ် အနေအထားမျိုး ရောက်ရှိနေပြီဖြစ်ကြောင်း Spring Warriors Column တာဝန်ရှိသူက ပြောသည်။

“မကြာခင်လည်း မြို့တွေသိမ်းနိုင်လိမ့်မယ်လို့ ယုံကြည်မှုတွေ အရင်ကထက်ပိုမိုခိုင်မာလာပြီပေါ့။

စစ်ရေးအရ မြို့ပြနဲ့နီးတဲ့စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ဖို့ ကျနော်တို့က ရည်ရွယ်နေပြီဖြစ်တဲ့အတွက် မိဘပြည်သူများအနေနဲ့ မိမိတို့ရဲ့လုံခြုံရေးကို အထူးဂရိုစိုက်ကြဖို့ မှာချင်ပါတယ်” ဟု အထက်ပါတာဝန်ရှိသူကဆက်ပြောသည်။

ထိုအပြင် စစ်ကောင်စီကလည်း ပြည်သူကို ခွဲခြားမှုမရှိဘဲ လေယာဉ်၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေ၍ဘန်ကာ၊ ကတုတ်ကျင်းများ ၊ ဗုံးခိုကျင်းများ ခိုင်မာစွာတူး​ဖော်တည်​​ဆောက်ထားကြရန် ၊ လုံခြုံရေးကို အထူးဂရုစိုက်ရန်လည်းအကြံပြုတိုက်တွန်းသည်။

KNU နှင့် အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများကလည်း ယခုနှစ်အတွင်း စစ်ရေးအရှိန် မြှင့်တင်ရန်ရှိကြောင်း ပြောကြားထားသည်။ ထိုအပြင် အင်အားထောင်သောင်းချီဖြင့် ထိုးစစ်ကြီးတရပ်ပြုလုပ်ရန် ရှိကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးက ပြောကြားထားသည်။

(Spring Warriors Column အပါအဝင်​တော်လှန်​ရေးတပ်ဖွဲ့ဝင်များကို စဥ့်အိုးလဟာရွာတွင် တပ်စွဲထားသော စစ်တပ်အထိုင်စခန်းကိုတိုက်ခိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ- SWC)

ဆက်စပ်သတင်းများ

Facebook