close
Connect with us

Hi, what are you looking for?

သတင်း

မအူပင်မြို့တွင် ဖိုးချစ်ဇာတ်ပွဲမှ အပြန်လူငယ်

မအူပင်မြို့တွင် စစ်ကောင်စီထောက်ခံသူများဦးဆောင်ကျင်းပနေသည့် ဇတ်မင်းသားဖိုးချစ်၏ ဇာတ်ပွဲကိုကြည့်ပြီး ပြန်သည့်လူငယ်များကို ရဲတပ်ဖွဲ့ကက ဖမ်းဆီးကာ စစ်မှုထမ်းဥပဒေဖြင့် လူသစ်စုဆောင်းခဲ့သည်။

အာဏာသိမ်း​ခေါင်း​ဆောင်က ဂုဏ်ပြုလက်မှတ်​ပေးသည်ကို ဖိုးချစ်က ဖိနပ်ချွတ်အရိုအ​သေ​ပေးလက်ခံယူခဲ့စဥ်။ဓါတ်ပုံ-စစ်​ကောင်စီ

မတ်-၂၆၊၂၀၂၅။ဧရာ/People’s Spring

မအူပင်မြို့တွင် စစ်ကောင်စီထောက်ခံသူများဦးဆောင်ကျင်းပနေသည့် ဇတ်မင်းသားဖိုးချစ်၏ ဇာတ်ပွဲကိုကြည့်ပြီး ပြန်သည့်လူငယ်များကို ရဲတပ်ဖွဲ့ကက ဖမ်းဆီးကာ စစ်မှုထမ်းဥပဒေဖြင့် လူသစ်စုဆောင်းခဲ့သည်။

စစ်ကောင်စီ၏ ​ဒေသအာဏာပိုင်များနှင့် နီးစပ်​သောမြို့ခံသူဌေးနှစ်ဦးက မအူပင်တံတားအဆင်း ညာဘက်မှ သဲကွင်းတွင် ဇာတ်မင်းသားဖိုးချစ်အား ခေါ်၍ ရုံသွင်းကာ ဇာတ်ပွဲပြုလုပ်ပေးနေခြင်းဖြစ်သည်။

“တခါမှ မလုပ်ဖူးတဲ့နေရာမှာ ပွဲသွင်းပြီး လုပ်တာ။ မြို့တည်ငြိမ်နေတယ်ဆိုတာကို ပြချင်လို့ စစ်တပ်နဲ့ မြို့က ဘောမကောင်တွေပေါင်းလုပ်တာ။ အခြေအနေဆိုးတာက ပွဲကိုလာကြည့်တဲ့ အမျိုးသားတချို့ ဖမ်းဆီးခံလိုက်ရတယ်။ စစ်မှုထမ်းဥပဒေနဲ့ဆွဲသွားတယ်” ဟု မအူပင်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဖိုးချစ်အား ဖိတ်ခေါ်၍ ဇာတ်ပွဲပြုလုပ်ပေးသူမှာ မအူပင်မြို့မှ စီးပွားရေးလုပ်ငန်းရှင်နှစ်ဦးဖြစ်သည်။ စစ်ကောင်စီနှင့် နီးစပ်သော အဆိုပါလုပ်

ငန်းရှင်နှစ်ဦးကပျော်ပွဲရွှင်ပွဲများထပ်မံ ပြုလုပ်ရန်လည်းစီစဉ်နေကြောင်းလည်း မြို့ခံအချို့ကပြောသည်။

ဖိုးချစ်ဇတ်ပွဲမှအပြန်အမျိုးသားအချို့ဖမ်းဆီးခံရမှုမှာမတ်လ ၂၃ရက်နေ့ကဖြစ်ပြီး၊ အမျိုးသား၁၀ဦးထက်မနက်ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။

“စစ်သင်တန်းကိုပို့လိုက်ပြီလို့လည်းကြားတယ်။ နယ်ကလူတွေဆိုတော့ မလုပ်တတ်၊မကိုင်တတ်တွေ။ဘယ်သူ့ကိုမှလည်းအကူအညီမတောင်းရဲကြဘူး” မအူပင်မြို့ခံတစ်ဦးကပြောသည်။

ဖိုးချစ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းကာစက စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်များတွင် ပါဝင်ခဲ့သည်။၂၀၂၂ နိုဝင်ဘာကုန်ပိုင်းက စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး တစ်လခန့်အကြာတွင် ပြန်လည်လွတ်မြောက်လာပြီးနောက် စစ်ကောင်စီကဝါဒဖြန့်ချိရေးပွဲများတွင် မကြာခဏပါဝင်လာသည်။

၂၀၂၄ ခုနှစ်အောက်တိုဘာလတွင် အာဏာသိမ်း​ခေါင်း​ဆောင်ကဂုဏ်ပြုလက်မှတ်​ပေးရာ ဇာတ်မင်းသားသားဖိုးချစ်ကဖိနပ်ချွတ်၍ အရိုအ​သေ​ပေးယူခခဲ့သည့်အတွက်ဇာတ်မင်းသားဖိုးချွတ်ဟုလှောင်ပြောင်ခံခဲ့ရသည်။

ဧရာဝတီတိုင်းတွင်ယခုရက်ပိုင်း၌သာပေါင်း၊ရေကြည်၊ လေးမျက်နှာမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားနေ၍ ဒေသခံများ စစ်​ဘေးတိမ်းရှောင်နေကြရသည်။ စစ်ကောင်စီက အမျိုးသားများအား အဓမ္မဖမ်းဆီး၍ စစ်သင်တန်းသို့ပို့ဆောင်နေချိန်၌ မင်းသားဖိုးချစ်က ပျော်ပွဲရွှင်ပွဲကျင်းပနေမှုအပေါ် ဝေဖန်မှုများရှိနေသည်။

ဆက်စပ်သတင်းများ

Facebook