close
Connect with us

Hi, what are you looking for?

သတင်း

အွန်လိုင်းကနေ ဖုန်းရောင်းသူအမျိုးသမီးကို ချိန်းဆိုကာ ဓားနဲ့ခုတ်ပြီး လုယက်မှု ဖြစ်ပွား

မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့နယ်မှာ အွန်လိုင်းကနေ ဖုန်းရောင်းတဲ့အမျိုးသမီးကို ဖုန်းဝယ်ဖို့ ချိန်းဆိုကာ ဓားနဲ့ခုတ်ပြီး ဖုန်းလုယက်မှု မနေ့ (မတ်လ ၁၉ ) က ဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ - Wiki

မတ် – ၂၀ ၊ ၂၀၂၅ ၊ ဆိုင်းမင်း /People’s Spring

မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့နယ်မှာ အွန်လိုင်းကနေ ဖုန်းရောင်းတဲ့အမျိုးသမီးကို ဖုန်းဝယ်ဖို့ ချိန်းဆိုကာ ဓားနဲ့ခုတ်ပြီး ဖုန်းလုယက်မှု မနေ့ (မတ်လ ၁၉ ) က ဖြစ်ပွားခဲ့ပါတယ်။

ပုသိမ် ကြီးမြို့အရှေ့ဘက် ရွှေကျင်တောင်ခြေမှာ မတ်လ၁၉ရက် နေ့ခင်း ၁နာရီဝန်းကျင်က သစ်ပင်ခြေရင်းမှာ ဒဏ်ရာတွေနဲ့ လဲနေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ခဲ့ရတာလို့ ကူညီရေးအဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။

” ကောင်မလေးက ဒဏ်ရာပြင်းတော့ နေရာမှာတင်လဲကျနေတာ” လို့အဲဒီကူညီရေးအဖွဲ့ဝင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖုန်းဝယ်မယ်ဆိုပြီး အွန်လိုင်းကနေ နေရာချိန်းဆိုကာ ၊ အရောင်းအဝယ်ပြုလုပ်မယ့်နေရာကိုအရောက်မှာ အမျိုးသား နှစ်ဦး ရောက်လာပြီး အမျိုးသမီးကို ဓားနဲ့ခုတ်ကာ ဖုန်းလုယက်သွားတာလို့ သိရပါတယ်။

အမျိုးသမီးကတော့ ဒဏ်ရာပြင်းထန်ပြီး မန္တလေးဆေးရုံကြီးမှာ ကုသမှု ခံယူနေရပါတယ်။

ကျုးလွန်သူတွေကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က အခင်းဖြစ်ပြီး တစ်ရက်ကြာမြင့်လာချိန်အထိ ဖမ်းမိတာမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်ထဲက မန္တလေးတိုင်းအစိုးရအဖွဲ့ ရုံးအနီးမှာ မနေ့ ဖေ ဖော်ဝါရီလ ၂၀ ရက် ညနေ ၃ နာရီခွဲခန့်က လုယက်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေ ထံကသိရပါတယ်။

သတင်း

စစ်တပ်မြို့တော်လို့ပြောကြတဲ့ ပြင်ဦးလွင်မြို့မှာ ယခုလအတွင်း လုယက်မှုနဲ့ ဆိုင်ကယ်ခိုးယူမှုတွေဆက်တိုက်ဖြစ်နေပြီး တရားခံပေါ်တဲ့ အမှုမရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလော - အောင်ပန်းလမ်းပိုင်းတနေရာတွင် သားအမိနှစ်ဦးအား အမျိုးသားနှစ်ဦးက ကျောက်ခဲထည့်ထားသောအိတ်ဖြင့်ထုနှက်ပြီး ရွှေထည်ပစ္စည်းလုယက်ရာ မိခင်ဖြစ်သူ သေဆုံးမှုဖြစ်ပွားခဲ့သည်။

သတင်း

လုယက်မှုများကြောင့် ရွှေဆိုင်များ လုံခြုံရေးတိုးမြှင့်ထားရန် ရွှေလုပ်ငန်းရှင်များအသင်းက သတိပေး ထုတ်ပြန်သည်။