မတ်-၂၀၊၂၀၂၅။ကဖေး/People’s Spring
စစ်ကောင်စီက မင်းကွန်းပုထိုးတော်ကြီးအနီးရှိ ၎င်းတို့၏ စစ်စခန်းဟောင်းနေရာကို မတ်လ၁၉ ည၌ လေကြောင်းမှဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများကပြောသည်။
“သူတို့စခန်းဟောင်းကို သူတို့ ပြန်ကြဲတာ။ မှားကြဲတာလို့ ထင်တယ်။ အဲ့ဒီမှာ PDFတွေ ရှိမနေပါဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်တပ်က မတ်လ ၁၉ ရက်ညတွင်လေကြောင်းတိုက်ခိုက်သည့် နေရာသည် မင်းကွန်းပုထိုးတော်ကြီး အနောက်ဘက် မနောမယတောင်ကုန်းမှ စစ်ကောင်စီစခန်းဟောင်းနေရာဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိုခိုက်မှုမရှိသော်လည်း ဘုန်းကြီးကျောင်းနှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံအချို့ ပျက်စီးခဲ့သည်။ မင်းကွန်းပုထိုးတော်ကြီးနှင့် မနောမယတောင်ကုန်းသည် ကိုက် ၁၀၀၀ ခန့်သာ ဝေးသည်ယ

Public Service Announcement
“လက်ရှိကမင်းကွန်းနယ်ကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးချင်နေတာ။PDFတွေက စောင့်ဖြတ်တိုက်နေလို့ရှေ့မတိုးနိုင်တဲ့အနေအထားပါ။ အခြေအနေက လုံခြုံရေးစိတ်မချရပါ”ဟု ဒေသခံတဦးကပြောသည်။
မင်းကွန်းဒေသသည် ဒုတိယကမ္ဘာစစ် ကာလတွင် ဖက်တစ်ဂျပန်တပ် များ ကရော ၊ ဗြီတိလျှ ကိုလိုနီ တပ်များကပါ စေတီ ၊ပုထိုးများစွာရှိသော သာသနနယ်မြေဖြစ်သည့် မင်းကွန်းဒေသကို ဗုံးမကြဲ၍မန္တလေးမြို့ မှဒေသခံများ စစ်ရှောင်ကြသောနေရာဖြစ်ခဲ့ပြီး ၊အာဏာသိမ်းစစ်ကောင်စီကမူ သာ့သနာ့ နယ်မြေပါမရှောင် ဗုံးကြဲနေခြင်းဖြစ်ကြောင်းဒေစခံတစ်ဦးကပြောသည်။
မင်းကွန်းတွင် ၂၀၂၄ ဩဂုတ်လမှစတင်ပြီး တိုက်ပွဲမကြာခဏဖြစ်နေကာယနေ့အထိစစ်ရေးအခြေအနေ လှုပ်ရှားမှုများရှိနေသည်ဟု စစ်ရှောင်ခဲ့သာ ဒေသခံများကပြောသည်။

၂၀၂၄ သြဂုတ် ၂၂ ရက်က နံနက် ၉နာရီခန့်က မင်းကွန်းမြသိန်းတန်ဘုရား၌ တပ်စွဲထားသည့် အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ ရဲဘော်၂ ဦးဒဏ်ရာရခဲ့သည်။
၂၀၂၄ အောက်တိုဘာလ ၁၆ရက်ကလည်း မင်းကွန်း ပုထိုးတော်ကြီး အနီး လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသေည စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့ကြောင်းသတင်းရရှိသည်။
လက်ရှိစစ်ရေးအခြေအနေအရ မင်းကွန်းဒေသတစ်ခုလုံး သတိပြု နေကြရကြောင်း ဒေသခံအချို့ကပြောသည်။
