close
Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုက်ပွဲစစ်ကောင်စီလေကြောင်းသုံးဗုံးကြဲ

ဧရာဝတီတိုင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်ထိစပ်​ဒေသများတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလေကြောင်းသုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

မတ်-၁၉၊ ၂၀၂၅။ မိထက်/People’s Spring

ဧရာဝတီတိုင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်ထိစပ်​ဒေသများတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလေကြောင်းသုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ရေကြည်မြို့၊ မြောက်စမ်းရွာအခြေစိုက် အမှတ် (၃၄၄) အမြောက်တပ် (အမတ-၃၄၄)အနီးနှင့် ပုသိမ်၊မုံရွာလမ်းဘေးရှိ ကျေးရွာချို့တွင် မတ်လ ၁၇ရက်မှစ၍တိုက်ပွဲများဖြစ်ခဲ့သည်။ မတ်လ ၁၈ ရက်နေ့ညက ပုသိမ်-မုံရွာကားလမ်းဘေးရှိ လေးမျက်နှာမြို့နယ် ၊ ပိုင်ဝတ်ကုန်းရွာအနီးသို့ ဗုံးသုံးလုံးကြဲချခဲ့ခြင်းဟု ဒေသခံတဦးကပြောသည်။

“ဒေသခံတွေ အရင်ရက်ကတည်းက ရှောင်ကြရပြီ။အခုကျ အကုန်ထွက်လာကြပြီ။ ဗုံးကြဲတဲ့အထိဖြစ်လာလို့ မနေရဲကြတော့ဘူး။ ဗုံးကြဲတာမှာတော့ အရပ်သားထိခိုက်မှုမရှိဘူး” ဟုဝတ်ကုန်းရွာဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတိုက်ပွဲသည်အမတ(၃၄၄)ကို ဦးတည်နေသည်ဟု ဒေသခံများကသုံးသပ်သည်။ရေကြည်မြို့နယ်အတွင်း ကျားကိုက်၊ စက်စက်ယို၊ ကက္ကူကြီးကျေးရွာများတွင်လည်း စစ်ကောင်စီလေကြောင်းအန္တရာယ်ကြောင့် ဒေသခံများ မြို့ပေါ်သို့တိမ်းရှောင်​နေကြကြောင်း​ဒေသခံအချို့က​ပြောသည်။

“လက်နက်ကြီးသံတွေကမပြတ်ကြားနေရတယ်။ဟက်စကီးတွေလည်းဝဲနေတယ်။နေလို့အဆင်မပြေတော့ဘူး”ဟု စက်စက်ယိုရွာဒေသခံတစ်ဦးကပြောသည်။

ပုသိမ်၊မုံရွာလမ်းဘေးရှိ စက်စက်ယိုရွာ နှင့် ချင်းလယ်ရွာပတ်ဝန်းကျင်ရှိ ရိုးမတောတွင်းနေရာအချို့၌ တိုက်ပွဲဖြစ်ပွားနေပြီး ပိုမိုပြင်းထန်လာ​ကြောင်း ဒေသခံများကပြောသည်။

ရေနံသာလမ်းဆုံ၊ စက်စက်ယိုလမ်းဆုံတို့ကို စစ်ကောင်စီက ပိတ်ထားပြီး စစ်ဆေးမှုတင်ကြပ်ထားသည်။မြို့နယ်အဝင်ဂိတ်များတွင် ၁၄ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများကို ဦးစားပေး စစ်နေသည်ဟုသတင်းရရှိသည်။ လက်ရှိဒေသတွင်းစစ်ရေးအခြေအနေအရ ဒေသခံပြည်သူများ သတိထားသွားလာကြရန်ရေကြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အမတ(၃၄၄)ကိုလည်း စစ်ကောင်စီက အင်အားထပ်မံဖြည့်တင်းနေပြီးဘန်ကာအသစ်များတူးနေကြောင်း သတင်းရရှိသည်။အမတ(၃၄၄)သည် လက်ရှိတိုက်ပွဲများဖြစ်နေသော သာပေါင်းမြို့နယ်ဘက်သို့ ပစ်ကူပေးနေသည့်နေရာဖြစ်သည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်ဇန်နဝါရီလက ရွှေသောင်ယံမြို့နယ်၊ သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ် နှင့် ရခိုင်ရိုးမဆက်စပ်နေရာများတွင် တိုက်ပွဲများပြင်းထန်ခဲ့သည်။ ရွှေ သောင်ယံနှင့်သာပေါင်းမြို့နယ်တိုက်ပွဲများတွင်လည်း စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ခဲ့သည်။ ရွှေသောင်ယံမြို့နယ် ဘောမိကျေးရွာသည် ပြီးခဲ့သည့် ဇန်နဝါရီလက စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ တရွာလုံးနီးပါးမီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ရွှေကျင်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်ကိုလည်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့၍ ပြည်သူများထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုများရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်များက ဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခုခံနေသည်ဟု ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့‌ရှိ စစ်ဘေးရှောင်များတိမ်းရှောင်ခိုလှုံနေသည့် ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ လက်တလောစာရင်းအရ သံဃာ ၉ပါးအပါအဝင် ၁၄ဦး သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ ဒေသခံက ပြောသည်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီက ယနေ့(မတ်လ ၄ ရက်) နေ့လည်ပိုင်းတွင် လေ​ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Facebook