close
Connect with us

Hi, what are you looking for?

သတင်း

အောင်မြင်မှုတာရှည်ခံစေရန် အစမ်းသပ်ခံ ကာလဖြစ်၍ မဟာမိတ်၃ဖွဲ့ကြား ညီညွတ်မှု ပိုခိုင်မာရေး ဆက်လုပ်မည်ဟု MNDAAထံ TNLA နှင့် AA သဝဏ်လွှာပို့

ရရှိထား​သော ​အောင်မြင်မှုများ တာရှည်ခံ​စေရန် အစမ်းသပ်ခံကာလဖြစ်သည်ဟုရှုမြင်​ကြောင်းမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့သို့ ညီ​နောင်မဟာမိတ်အဖွဲ့များဖြစ်​သော အာရက္ခတပ်တော် (AA) နှင့် တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)တို့က ​ပေးပို့​သောသဝဏ်လွှာ တွင်​ဖော်ပြထားသည်။

ဟန်နွေ/People’s Spring

ရရှိထား​သော ​အောင်မြင်မှုများ တာရှည်ခံ​စေရန် အစမ်းသပ်ခံကာလဖြစ်သည်ဟုရှုမြင်​ကြောင်းမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ဖွဲ့စည်းမှု နှစ်ပတ် လည်နေ့သို့ ညီ​နောင်မဟာမိတ်အဖွဲ့များဖြစ်​သော အာရက္ခတပ်တော် (AA) နှင့် တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)တို့က ​ပေးပို့​သောသဝဏ်လွှာ တွင်​ဖော်ပြထားသည်။

မတ်လ ၁၁ရက်တွင် MNDAA ဖွဲ့စည်းမှု ၃၆နှစ် ပြည့်မြောက်ပြီဖြစ်ရာ မဟာမိတ်များဖြစ်သည့် ULA/AAနှင့် PSLF/TNLAတို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။လာမည့်ကာလများ၌လည်း အချင်းချင်းအကြားစုစည်းညီညွတ်မှုသည်ပို၍အရေးကြီးလာမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

“မိမိတို့လက်ရှိရရှိထားသောအောင်မြင်မှု၏အသီးအပွင့်များ တာရှည်ခံပြီး ပိုမို ဖွံ့ဖြိုးလာစေရန် အစမ်းသပ်ခံကာလများလည်းဖြစ်သည်ဟုရှုမြင်သုံးသပ်သည်။ ထို့ကြောင့် မိမိတို့ ညီနောင် မဟာမိတ် (၃) ဖွဲ့ အကြား စည်လုံးညီညွတ်မှု၊ နားလည်မှု ယခုထက်ပို၍ ခိုင်မာသည်ထက်ခိုင်မာအောင်ဆက်လက်လုပ်ဆောင်သွားကြမည်ဖြစ်သည်” ဟု သဝဏ်လွှာ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

MNDAA၊ TNLAနှင့် AAတို့သည် ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲခဲ့ရာ ကိုးကန့်ဒေသ၊တအာင်းဒေသနှင့် ရက္ခိုင်ဒေသရှိ စစ်ကောင်စီတပ်စခန်းများ၊တပ်ရင်းများ၊ ဌာနချုပ်များစွာနှင့် မြို့​ပေါင်း ၃၆ မြို့ကို သိမ်းပိုက်ထားပြီးအုပ်ချုပ်ရေးလုပ်ငန်းများဖော်ဆောင်လျက်ရှိသည်။

ယခုအချိန်တွင် ကိုးကန့်အမျိုးသားထု တစ်ရပ်လုံးနှင့် (MNTJP/MNDAA) အဖွဲ့အစည်း၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များမှာ အတိုင်းအတာတစ်ခုအထိအထမြောက်ခဲ့ပြီးဖြစ်ကြောင်း​​ဖော်ပြသည်။ထို့အပြင် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များအလုံးစုံအထမြောက်သည့် နည်းတူ ကိုးကန့် ဒေသ ယခုထက် အေးချမ်းသာယာ၊ စည်ပင်၊ ဖွံ့ဖြိုးတိုးတက်သည်အထိဆက်လက်ကြိုးပမ်းအားထုတ်ကြရန် ကိုလည်း ညီနောင်မဟာမိတ် စိတ်ဓာတ်အပြည့်ဖြင့် တိုက်တွန်းလိုက်ကြောင်းသဝဏ်လွှာ၌ဖော်ပြသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့သည် တစ်ဖွဲ့ချင်းစီ၏ ရည်မှန်းချက်၊ ဘုံရည်မှန်းချက်များအတွက်စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် အတူတကွ၊ မရပ်မနား ချီတက်ဖြတ်သန်းလာခဲ့သည်မှာ နှစ်ပေါင်း (၁၅) နှစ်ခန့် ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ဤကာလများ၌လည်း တော်လှန်ရေး၏ လောကဓံကို ဆိုးအတူ၊ ကောင်းအတူ အတူတကွ ရင်ဆိုင်ခဲ့ကြပြီးဖြစ်ကြောင်း ဖော်ပြသည်။

တစ်ဖွဲ့ချင်းစီ၏ ရည်မှန်းချက်ပြည့်မြောက်ရန်အတွက် ကျန်နှစ်ဖွဲ့ကလည်း ပူးပေါင်း ဆောင်ရွက်ပြီး အတတ်နိုင်ဆုံး ဖေးမကူညီခဲ့ရာအဖွဲ့ (၃) ဖွဲ့၏ အဖွဲ့အစည်း၊ ခေါင်းဆောင်၊ တပ်ဖွဲ့ဝင်များ အချင်းချင်းအကြား အပြန်အလှန်ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ မိတ်ဖက်ပီသမှု၊ လေးစားမှု၊ ယုံကြည်မှုတို့ကို အမြင့်ဆုံးတည်ဆောက်နိုင်ခဲ့ကြသည်ဟုဆိုသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စည်းလုံးညီညွတ်မှု၊ လုပ်ဆောင်ချက် များသည် ယခုနောက်ပိုင်းထွက်ပေါ်လာသော တော်လှန်ရေးအဖွဲ့အစည်းသစ်များအတွက် အတုယူစရာနှင့် စံပြဖြစ်ခဲ့ ရသည်မှာ အမှန်ပင်ဖြစ်ကြောင်းလည်း သဝဏ်လွှာ၌ ပါရှိသည်။

လက်ရှိအချိန်တွင် MNDAA အဖွဲ့အစည်း၏ ရည်မှန်းချက်များမှာ အတိုင်းအတာတစ်ခုထိအောင်မြင်ခဲ့ပြီး ဖြစ်သော်လည်း အောင်မြင်မှုနှင့်အတူ အခက်အခဲ၊ အတားအဆီးများသည် ဒွန်တွဲလျက် ပါလာတတ်သည် ဆိုသည်ကိုသတိမူ၊ ဂရုပြုသင့်ကြောင်း ဖော်ပြသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့တို့သည် “မရှိအတူ၊ ရှိအတူ ညီနောင်များ” ဖြစ်ကြသောကြောင့် တစ်ဖွဲ့၏ အခက်အခဲသည် ကျန်သည့်နှစ်ဖွဲ့၏ အခက်အခဲဖြစ်သည်ဟု အမြဲတမ်းမှတ်ယူထားရှိပြီး (၁၅) နှစ်ခန့်အတွင်း အခက်အခဲပေါင်း များစွာကိုအတူရင်ဆိုင်ဖြတ်သန်းခဲ့ဖူးသော အတွေ့အကြုံများကို ပိုင်ဆိုင်ရရှိထားပြီးဖြစ်ကာ လာလတ္တံ့သော ကာလများ၌ ရင်ဆိုင်ကြုံတွေ့ရမည့်အခက်အခဲများရှိလာပါကလည်း ညီနောင်နှစ်ဖွဲ့အနေဖြင့်ယခင်နည်းတူညီနောင်မဟာမိတ်ပီသစွာဖြင့်စုစည်းကျော်ဖြတ်သွားကြရန် အမြဲအသင့်ရှိဟု TNLAနှင့် AAက MNDAAထံ သဝဏ်လွှာပေးပို့သည်။

ကိုးကန့်တပ် MNDAA သည် မဟာမိတ်များနှင့် ပူးပေါင်းပြီး အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လာရှိုးမြို့အပါအဝင် မြို့​ပေါင်း ၉ မြို့ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားသည်။ သို့​သော် တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် လားရှိုးမြို့သိမ်းပိုက်ပြီး​သော ၂၀၂၄ ခုနှစ်သြဂုတ်လဆန်း​နောက်ပိုင်း စစ်​ကောင်စီတပ်နှင့် တိုက်ပွဲမဖြစ်​တော့သလို ၊ ယခုအခါစစ်ကောင်စီနှင့် အပစ်ရပ်စဲထားသည့် အဖွဲ့ဖြစ်သည်။

အလားတူမြို့​ပေါင်း ၁၂ မြို့သိမ်းပိုက်ထား​သော TNLAတပ်ဖွဲ့သည်လည်း တရုတ်အစိုးရ၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီနှင့် ​ဖေ​ဖော်ဝါရီလတွင်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့​သော်လည်း ​ဆွေး​နွေးမှုများအဆင်မ​ပြေ​ကြောင်း TNLAကထုတ်ပြန်ထားသည်။

AA က ရခိုင်ပြည်နယ်တွင် စစ်​တွေ ၊​ကျောက်ဖြူ ၊မာန်​အောင်မြို့နယ် မှအပ ကျန် ၁၄ မြို့နယ် ကိုသိမ်းပိုက်ပြီး ချင်းပြည်နယ်မှ ပလက်ဝ မြို့နယ်ကိုလည်းသိမ်းပိုက်ထားသည်။ သို့​သော်တရုတ်ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့်ဆွေးနွေးမှု ရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ကျောက်ဖြူ ၊စစ်​​တွေ မြို့မှ စစ်တပ်စခန်းများကို၂၀၂၅ ​ဖေ​ဖော်ဝါရီ လမှစ၍ ထိုးစစ်ဆင်တိုက်ခိုက်​နေပြီး ၊ ရခိုင်-ဧရာဝတီအစပ် ၊ ရခိုင်-ပဲခူးအစပ် ၊ ရခိုင်-မ​ကွေးအစပ်မှစစ်စခန်းများ စစ်တပ်စစ်​ကြောင်းများကိုထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်တွင် ဓညဝတီရေတပ်ဌာနချုပ်အနီး ဦးကင်းကျေးရွာသို့ ဝင်ရောက်မီးရှို့သည့် စစ်ကောင်စီစစ်ကြောင်းကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်ပြီးနောက်ပိုင်းစစ်ကောင်စီတပ်ပြန်ဆုတ်ခွာသွားပြီ ဒရုန်းများအပြန်အလှန်သုံး၍တိုက်ပွဲဖြစ်ပွားနေသည်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ဖမ်းဆီးထားသည့် လားရှိုးမြို့နယ်၊ မိုင်းယော်ကျေးရွာမှ (၁၅)နှစ် အရွယ် မိန်းကလေးနန်းယိင်းဟွမ်အား တစ်လအကြာတွင် ယနေ့(မတ်လ ၇ရက်) ပြန်လွတ်မြောက် လာခဲ့သည်။

သတင်း

ကချင်ပြည်နယ်၊ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ ပြိန်းခမ်းကျေးရွာအနီး ရွှေတူဖော်မှုကို ဒေသခံများတားမြစ်ရာမှ ခိုက်ရန်ဖြစ်ပွားသည့် ဖြစ်စဉ် တွင် ကိုးကန့်တပ်မတော်(MNDAA)က ပစ်ခတ် ခဲ့၍ ဒေသခံ ၆ဦးသေဆုံးခဲ့သည်နှင့်ပတ်သက်ပြီး ဒေသခံများက MNDAAအား ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကွတ်ခိုင်မြို့ နယ် မုံးစီးဒေသ၌ မတ်လ ၅ရက်ကဖြစ်ပွားခဲ့သည့် ကိုးကန့်တပ်မတော် (MNDAA)၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ အရပ်သား ၆ဦးအထိရှိပြီး အားလုံးသည် အရပ်သားများသာဖြစ်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသသတင်းရင်းမြစ်တို့က ပြောသည်။

Facebook