close
Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ပွင့်ဖြူ နှင့် စလင်းဘက်သို့တင့်ကားအပါအဝင် စစ်အင်အားထပ်မံဖြည့်တင်း

စစ်ကောင်စီက မကွေးတိုင်း၊ ပွင့်ဖြူ နှင့် စလင်း မြို့နယ် များသို့ တင့်ကား အပါအဝင် မြေပြင်စစ်အင်အားများဖြည့်တင်းနေကြောင်း မကွေးတိုင်းစစ်ဘက်သတင်းရင်းမြစ်အချို့က ပြောသည်။

စစ်​ဘေး​ရှောင်ပြည်သူ​များ နှင့် စစ်တပ်ကရွာကိုမီးရှို့၍ မီးခို​ငွေ့များထွက်လာစဥ်။ ဓါတ်ပုံ-CJ

■​ဒေသခံ​သောင်းချီ စစ်​ဘေးတိမ်း​ရှောင်​နေရ

ရဲခေါင်/People’s Spring

စစ်ကောင်စီက မကွေးတိုင်း၊ ပွင့်ဖြူ နှင့် စလင်း မြို့နယ် များသို့ တင့်ကား အပါအဝင် မြေပြင်စစ်အင်အားများဖြည့်တင်းနေကြောင်း မကွေးတိုင်းစစ်ဘက်သတင်းရင်းမြစ်အချို့က ပြောသည်။

အာရက္ခတပ်တော် (AA )၏မကွေးတိုင်း(ငဖဲ မြို့နယ်) ဘက်သို့ ထိုးစစ်ဆင်မှု နှင့် အတူ ဆက်စပ်မြို့နယ်များဖြစ်သည့်ပွင့်ဖြူ နှင့် စလင်းမြို့နယ်များသို့စစ်ကောင်စီကအင်အားအများအပြားဖြည့်တင်းလာ​ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ရန်သူ(စစ်ကောင်စီ)က အင်အား အလုံးရင်းသုံံးပြီးစစ်ကြောင်းထိုး နယ်မြေရှင်းနိုင်ဖို့ ကြိုးစားနေတာ”ဟု မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

အမှတ်( ၂၅၃ )​ခြေလျင်တပ်ရင်း( ခလရ ၂၅၃) ၊ခလရ၂၅၄ ၊ ခလရ ၂၅၅ ၊ ကာကွယ်ရေး ပစ္စည်းစက်ရုံ ကပစ ၂၁ အပါအဝင် ပခုက္ကူ တပ်မ ၁၀၁ ၊မိတ္ထီလာ နှင့် မကွေး လက်အောက်ခံတပ်များဖြင့် ပွင့်ဖြူနှင့် စလင်းမြို့နယ်များသို့ စစ်ကောင်စီက အင်အားဖြည့်လာကြောင်း ​သိရသည်။

“စစ်မှုထမ်းတပ်သားသစ်တွေအများအပြားပါတယ်။ အဲဒီ တပ်သားသစ်တွေကို စိတ်ဓာတ်တက်ကြွလာစေအောင် လူ၊လက်နက် သာလွန်အင်အား သုံးပြီး စစ်ကြောင်းထိုးနိုင်ဖို့ ကြိုးစားနေတာပါ။ ဒါ့အပြင် ကျေး ရွာတွေထဲရရာခိုးယူတာတွေ၊ ကျေး

ရွာ မီးရှို့ဖျက်ဆီးတာတွေမှာ တပ်သားသစ်တွေကို အတင်း ခိုင်းစေပြီး သူတို့လို စစ်မိစ္ဆာဖြစ်လာစေဖို့ ကြိုးစားနေတာ တွေ့ရပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ​ပြောသည်။

မတ်လ ၁၁ ရက်တွင်ပွင့်ဖြူ ဘက်သို့တင့်ကား နှစ်စီး၊စလင်းမြို့ဘက်သို့တင့်ကားတစ်စီးနှင့်မြေပြင်စစ်အင်အား ၁၀၀ ခန့်ရောက်ရှိလာကြောင်း သိရသည်။

“မနေ့က(မတ်လ ၁၁ ရက်) ၅စီးဖြည့်ထားပါတယ်။တင့်ကားတစီးလည်း ပါပါတယ်”ဟု စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်(ပအဖ)တစ်ဦး က လူထုနွေဦးသို့ ပြောသည်။

ပွင့်ဖြူ နှင့် စလင်း မြို့ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစ၍ စစ်ကောင်စီသည် စစ်ကြောင်းထိုးခဲ့ပြီး ဒေသတွင်း ကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်လျှက်ရှိသည်။

အဆိုပါမြို့နယ်နှစ်ခုတွင်ကျေးရွာအုပ်စု ၆ ခုမှ ရွာပေါင်း ၂၀ ကျော်ရှိ ပြည်သူ တစ်သောင်းကျော်မှာ စစ်ဘေးရှောင်နေရသည်။ ​ဒေသခံများမှာစစ်​ဘေးတိမ်း​ရှောင်ရင်းသေဆုံးမှုအချို့ရှိကြောင်း​ဒေသခံအချို့က​​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ILO ရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၀)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် နေရာအချို့၌ ယနေ့(မတ်လ ၈ရက်)တွင် တိုက်ပွဲဖြစ်နေပြီး ရွာနှစ်ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သွားသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီအထိုင်ချ နေရာ၂နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက်(SaIingyi)အဖွဲ့ ဦးဆောင်သူ ကိုဗိုက်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်းက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၁၀,၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေ ထံကနေ သိရပါတယ်။

Facebook