close
Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးအရှိန်မြင့်လာ၍ ပဲခူးရိုးမအတွင်း ယာဥ်နှင့် ကျွဲ၊ နွားများသွားလာခွင့် PDF ကန့်သတ်

စစ်ကောင်စီတပ် စစ်ကြောင်းထိုးခြင်းများရှိလာပြီး စစ်ရေးအရှိန်မြင့်တက်လာ၍ ပဲခူးရိုးမအတွင်းရှိ ​စစ်ရေးလှုပ်ရှားမှုနယ်မြေအတွင်း ယာဥ်များနှင့် ကျွဲ၊ နွားများ သွားလာခြင်းကို ယနေ့ (မတ်လ ၁၆ ရက်)ကစ၍ တားမြစ်ကန့်သတ်လိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ (မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖို)က အသိပေး ထုတ်ပြန်သည်။

သစ်ခိုးထုတ်မှုအား သတိပေးချက်နှင့် စစ်ရေးလှုပ်ရှားမှုနယ်မြေအဖြစ်သတ်မှတ်ဖော်ပြထားသည့်ပဲခူးရိုးမတစ်နေရာကို တွေ့ရစဥ်။ ဓာတ်ပုံ - မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို

ကျော်ဇော/People’s Spring

စစ်ကောင်စီတပ် စစ်ကြောင်းထိုးခြင်းများရှိလာပြီး စစ်ရေးအရှိန်မြင့်တက်လာ၍ ပဲခူးရိုးမအတွင်းရှိ ​စစ်ရေးလှုပ်ရှားမှုနယ်မြေအတွင်း ယာဥ်များနှင့် ကျွဲ၊ နွားများ သွားလာခြင်းကို ယနေ့ (မတ်လ ၁၆ ရက်)ကစ၍ တားမြစ်ကန့်သတ်လိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ (မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖို)က အသိပေး ထုတ်ပြန်သည်။

ရိုးမအတွင်း သွားလာခွင့်ကန့်သတ်ရာတွင် မော်တော်ယာဥ်၊ သုံးဘီး၊ ဆိုင်ကယ်၊ ကျွဲ၊ နွား စသည့်တို့ကို တားမြစ်ထားပြီး စစ်ဆင်ရေးများကြား ပြည်သူများမထိခိုက်စေရန်နှင့် သစ်တောသံယဇာတများ ခိုးထုတ်နေမှုကို တားဆီးနိုင်ရန် ရည်ရွယ်ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ထုတ်ပြန်ချက် အား လိုက်နာပေးကြရန်လည်း မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေကတော့ အနည်းနဲ့အများ အခက် အခဲဖြစ်နိုင်ပါတယ်။ ကျနော်တို့ကလည်း အစပိုင်းကတော့ ပြည်သူတွေလုပ်ကိုင်စားပါစေဆိုပြီး မပိတ်ခဲ့ဘူး။ နောက်ပိုင်းကျတော့ တချို့ကျွဲသမားတွေက ကျွန်းနုပင်တွေပါ ခိုးခုတ်လာတယ်။ ခုတ်လို့လည်း ဖမ်းတယ်၊ သတိပေးတယ်၊ မရဘူးဗျ။ အဲဒီမှာ တချို့သော ပြည်သူတွေကလည်း ကျနော်တို့ကိုယ်တိုင်ပူးပေါင်းပြီး သစ်ခိုးထုတ်တာတွေလုပ်နေလို့ စာမထုတ်တာလားဆိုတာမျိုး ပြောလာကြတာတွေရှိလာတယ်။ ကျနော်တို့အနေနဲ့ သစ်ခိုးထုတ်တာတွေ လုံးဝမလုပ်သလို ဂိတ်ချပြီး ဆက်ကြေးတောင်းတာလည်း လုံးဝမရှိပါဘူး”ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် သစ်တော့သယံ ဇာတများကို ထိန်းသိမ်းသကဲ့သို့ စစ်ကောင်စီ ဝင်ငွေရလမ်းကြောင်းဖြစ်သည့် သစ်ခိုးထုတ်မှုများကိုလည်း တားဆီးလျှက်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်နှင့်အညီ ဂိတ် ကြေး(ဆက်ကြေး) ကောက်ခံခြင်း လုံးဝမရှိသလို သစ်ခိုးထုတ်ခြင်းလည်းမရှိကြောင်း၊ အခြားတော်လှန်ရေးတပ်ဖွဲ့များက ယင်းကဲ့သို့လုပ်ဆောင်မည်ဆိုလျှင်လည်း လုံးဝလက်မခံကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းများသိရှိနိုင်ရန် ပုံစံမျိုးစုံဖြင့် လှုပ်ရှားလျှက်ရှိရာ မတ်လ ၁၅ ရက်က ကြို့ပင်ကောက် မြို့နယ်၊ ဥယျာဥ်ကြီးကျေးရွာအနီး ပဲခူးရိုးမအခြေပြု YOMA(GBK) PDF ရဲဘော်များ လုံခြုံရေးယူကင်းစောင့်နေစဥ် အရပ်ဝတ်ဖြင့် ပလပ်စတစ်ကောက်သူအသွင် ဟန်ဆောင်ထားသည့် စစ်ကောင်စီတပ်ကြပ်ကြီး ဇေယျာထက်ဆိုသူအား တားဆီးစစ်ဆေးစဥ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည့် ဖြစ်စဥ်တစ်ခုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ရေလယ်ကျွန်းဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီနောက်ဆုံးလကုန်ပိုင်းက စတင်ပြီး စစ်ကြောင်းထိုးနေတာကြောင့် အရပ်သားပြည်သူ ၂၀,၀၀၀ နီးပါးထွက်ပြေးနေရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တောင်စွန်းကျေးရွာသို့စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်အားတိုက်ခိုက်ရာ ခုနစ်ဦးသေဆုံးပြီး ၁၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ရေးဘီလူးခေါင်ဆောင်က လူထုနွေဦးသို့ ပြောသည်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ဥယျာဥ်ကြီးနှင့် အညာဖျားကျေးရွာများအား စစ်ကောင်စီတပ်က အင်အား ၂၀၀ခန့်ဖြင့် ယနေ့(မတ်လ ၇ရက်)နံနက်ပိုင်းတွင် ဝင်ရောက်စစ်ကြောင်းထိုးနေပြီး လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များက ပြောသည်။

သတင်း

မကွေးတိုင်း၊ ရေစကြိုနှင့် မြောင်မြို့နယ်အစပ်၌ စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး လက်နက်နှင့်အတူ အရှင်ဖမ်းမိကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ယနေ့(မတ်လ ၄ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။