close
Connect with us

Hi, what are you looking for?

သတင်း

ဖမ်းမိငါးဖမ်းသမား ၂၀ကျော်အား ဘင်္ဂလားဒေ့ရှ်ထံ AA ထပ်မံလွှဲပြောင်းပေး

အာရက္ခတပ်တော်(AA)က ဖမ်းဆီးထားသည့် တရားမဝင် ငါးဖမ်းသမား ၂၁ဦးအား ပြန်လွှတ်ပေးလိုက်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယနေ့ (မတ်လ ၁၅ရက်)တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ငါးဖမ်းသမားများအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။

ဖမ်းမိငါးဖမ်းသမား ၂၀ကျော်အား ဘင်္ဂလားဒေ့ရှ်ထံ AA လွှဲပြောင်းပေးနေစဉ်။ ဓာတ်ပုံ - AA

ရှိုင်း/People’s Spring

အာရက္ခတပ်တော်(AA)က ဖမ်းဆီးထားသည့် တရားမဝင် ငါးဖမ်းသမား ၂၁ဦးအား ပြန်လွှတ်ပေးလိုက်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယနေ့ (မတ်လ ၁၅ရက်)တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ငါးဖမ်းသမားများအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။

ရက္ခိုင်ပင်လယ်ပြင်အတွင်း တရားမဝင်ငါးဖမ်းခြင်းမပြုရန် AA ဘက်က ထုတ်ပြန်သတိပေးထားသော်လည်း အဆိုပါ ပြဿနာများဆက်လက်ရှိနေ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် ပြီး အဖြေရှာနိုင်ရေး မျှော်လင့်ကြောင်းလည်း ဦးခိုင်သုခက အသိပေးထားသည်။

AA အနေဖြင့် ယခင်ကလည်း ရက္ခိုင်ရေပိုင်နက်အတွင်း ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ရေလုပ်သားများကို ဖမ်းဆီးပြီး ၂၀၂၄ နှစ်ကုန်ပိုင်းက ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုက်များထံ အပ်နှံပေးမှု ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဖမ်းမိရေလုပ်သားများအား နောက်နောင် အာရက္ခပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းခြင်းများမပြုလုပ်ရန် ခံဝန် လက်မှတ်ရေးထိုးခိုင်းပြီး လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း AAက အသိပေးထားသည်။

ယခုကဲ့သို့ ပြန်လွှတ်ပေးခြင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားများ၏ မိသားစုစားဝတ်နေရေး အကျပ်အတည်းများကို ထောက်ထားငဲ့ညှာမှုနှင့်အတူ သက်ညှာပေးခဲ့ခြင်းဖြစ်သည်ဟုလည်း AAက အသိပေးထားသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် AAအဖွဲ့အစည်းအကြားရှိ နှစ်ဖက်နယ်စပ်ရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ယခင်ထက် ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ မည်သည့်ပြစ်ဒဏ်မျှပေးခြင်းမရှိဘဲ ငါးခိုးဖမ်းသမားများကို ချက်ချင်းပြန်လွှတ်ပေးမှု ပြုလုပ်နေခြင်းဖြစ်ကြောင်း AAက ယခင်ထုတ်ပြန်အသိပေးထားသည်။

နောင်တွင် အာရက္ခရေပိုင်နက်အတွင်းသို့ ယခုကဲ့သို့ ကျူးကျော်၍ ငါးခိုးဖမ်းရန် ဝင်ရောက်လာမည်ဆိုပါက မည်သူ့ကိုမဆို မိမိတို့၏ တရားဥပဒေနှင့်အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း AAက ထုတ်ပြန်ထားသော်လည်း ဖမ်းမိရေလုပ်သားများကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံ ပြန်လည်လွှဲပြောင်းပေးမှု ဆက်လက်ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှညောင်ကျိုးစခန်းကိုအာရက္ခတပ်တော်(AA)ဦး​ဆောင်​သောပူး​ပေါင်းတပ်များကသိမ်းယူပြီးနောက် စစ်ကောင်စီတပ်က ပြည် နှင့် ဥသျှစ်ပင်မြို့ရောက် ရခိုင်စစ်ဘေးရှောင်များကိုဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

သတင်း

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အခိုင်အမာစခန်းဖြစ်သော ညောင်ကျိုးရွာစခန်းအား အာရက္ခတပ်တော်(AA)က ထပ်မံသိမ်းယူလိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။