မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှရွာစျေးတန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူ (၁၁)ဦး သေဆုံးခဲ့ကြောင်း မန္တလေး PDFက သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ မတ်လ (၁၄)ရက် ညနေ (၃)နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်က စဉ့်ကူးမြို့နယ် ၊ လက်ပံလှကျေးရွာက လူစည်ကားရာ စျေးဆိုင်တန်းတွေကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူ (၁၁)ဦးအထိ အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၀)ဝန်းကျင် ရှိခဲ့ကြောင်း မန္တလေး PDFက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေက ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာတာကို တွေ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အသိပေးထားပါတယ်။

Public Service Announcement
စစ်ကောင်စီဟာ ပြီးခဲ့တဲ့မတ်လ (၄)ရက်နေ့ကလည်း စဉ့်ကူးမြို့နယ် ၊ လက်ပံလှကျေးရွာကိုပဲ လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ (၂)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ပါတယ်။
စဥ့်ကူးတစ်မြို့နယ်လုံးကို မန္တလေး PDF ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ၁၀၂၇ ဒုတိယလှိုင်း (သို့မဟုတ်)ရှမ်းမန်းစစ်ဆင်ရေးအတွင်းမှာသိမ်းပိုက်ထားတာဖြစ်ပါတယ် ။
