close
Connect with us

Hi, what are you looking for?

သတင်း

ညောင်ကျိုးစခန်းကို AA ပူးပေါင်းတပ် သိမ်းပိုက်၊ ပဲခူးတိုင်းအတွင်း ၂ခုမြောက်စခန်း သိမ်းခြင်းဖြစ်

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အခိုင်အမာစခန်းဖြစ်သော ညောင်ကျိုးရွာစခန်းအား အာရက္ခတပ်တော်(AA)က ထပ်မံသိမ်းယူလိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ရခိုင်ရိုးမပေါ်ရှိ မိုးထိတောင်စခန်းကို AAက ဇန််နဝါရီ၂၆ရက်တွင် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ − AA

ကဖေး/People’s Spring

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အခိုင်အမာစခန်းဖြစ်သော ညောင်ကျိုးရွာစခန်းအား အာရက္ခတပ်တော်(AA)က ထပ်မံသိမ်းယူလိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

အင်အားရာချီအသုံးပြုပြီး ဘန်ကာများ၊လက်နက်ကြီးများ တပ်ဆင်ထားသော ညောင်ကျိုးစခန်းကို AAက ဖေဖော်ဝါရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၂ရက်က သိမ်းယူလိုက်ခြင်းဟု လက်ရှိတွင် ညောင်ကျိုးရွာ၌ရှိနေသော သတင်းရင်းမြစ်က ပြောသည်။

” မိုးထိတောင်ကို သိမ်းပြီး နောက်တစ်ခုထပ်သိမ်းတာ။တော်တော်ကို တိုက်ယူရတာဗျ။ AAက သတင်းမထုတ်သေးတာ။ စခန်းက ရထားပြီ။ သုံ့ပန်းလည်း ရထားတယ်”ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

ညောင်ကျိုးစခန်းသည် တောင်ကုတ်−ပန်းတောင်းလမ်းပိုင်း ရခိုင်ရိုးမပေါ်ရှိပြီး ယင်းလမ်းရှိ မိုးထိတောင်စခန်းကို AAက ဇန််နဝါရီ၂၆ရက်တွင် သိမ်းပိုက်ခဲ့သည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲကို AAက ဇန််နဝါရီ ၂၆ရက်တွင် သတင်းထုတ်ပြန်ထားသည်။

မိုးထိတောင်မှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညောင်ကျိုးစခန်း၌ အခိုင်အမာတပ်စွဲခဲ့ပြီး စစ်လက်နက်ပစ္စည်းစက်ရုံများကို ကာကွယ်ရေး ခုခံစစ်ပြင်ခဲ့သည်။ သို့သော် AAနှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။

ညောင်ကျိုးကို သိမ်းယူပြီးနောက် ဥသျှစ်ပင်မြို့ ညောင်ခြေထောက်ရွာရှိကပစ(၆)ကို သိမ်းယူရေး AAက ကြိုးပမ်းနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့နယ်တွင် ကပစ ၅၊၆၊၉နှင့် ၁၆တို့ တည်ရှိသည်။

” ကပစ(၆)ကို လေသာတောင်၊ ဆင်လန်တောင်၊ စန်းပတ်လက်တောင်တွေက စခန်းတွေက စစ်ကောင်စီက ကာထားးတယ်။ အဲ့စခန်းတွေက သိပ်မကြီးဘူး။ AA က ကပစကို တည်တိုက်နိုင်တယ်”ဟု ၎င်းက သုံးသပ်သည်။

ပန်းတောင်းမြို့နယ်သည် ပြည်မြို့နှင့် ၁၁မိုင်ခန့်ဝေးသည်။ပြည်မြို့ပေါ်တွင် စစ်ကောင်စီက စက်တပ်လေထီးနေ့စဉ်ပျံနေပြီး စစ်ရေးပြင်ဆင်နေသည်။

မိုးထိတောင်စခန်းသိမ်းယူခဲ့ကြောင်း AAက ဇန်နဝါရီ ၂၇ရက်က သတင်းထုတ်ပြန်ခဲ့ပြီးနောက် ပဲခူးတိုင်းမှ တိုက်ပွဲများနှင့်ပတ်သက်၍ ထပ်မံထုတ်ပြန်ခြင်းမရှိသေးပေ။

ရခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီလက်ကျန်စခန်းများအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီသည် ပဲခူးတိုင်းဖက်မှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ပဲခူးတိုင်း-ရခိုင်ပြည်နယ်စပ်နေရာများနှင့် ရခိုင်ရိုးမတောင်တန်းတွင် တိုက်ပွဲများ နေ့တိုင်းဖြစ်ပွားနေကြောင်း AAက ဇန်နဝါရီ ၂၇ရက် ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်လက်နက်ပစ္စည်းထုတ်လုပ်​ရေးစက်ရုံများရှိသည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှ စစ်ကောင်စီစခန်းများကို အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်ပြီး အင်အား၂၀၀ကျော်ဖြင့် ခုခံနေသော ပုဂံကွဲစခန်းကို ထပ်မံသိမ်းယူတာကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

သတင်း

ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာမှ အမှတ် (၃) ကာကွယ်​ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ -၃)ဝန်းအတွင်း စစ်တပ်မိသားစုဝင်အချင်းချင်း ကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး အဆိုပါအမှုကို စစ်ကောင်စီးကဖုံးကွယ်ရန်ကြိုးပမ်းနေသည်။

Facebook