မိထက်/People’s Spring
ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာမှ အမှတ် (၃) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ -၃)ဝန်းအတွင်း စစ်တပ်မိသားစုဝင်အချင်းချင်း ကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး အဆိုပါအမှုကို စစ်ကောင်စီးကဖုံးကွယ်ရန်ကြိုးပမ်းနေသည်။
ကပစ(၃) ဝင်းအတွင်း နယ်မြေ(၁)လမ်း၊ (၄)ခန်းတွဲရှနေအိမ်လိုင်းခန်းတွင် မိသားစုနှင့်အတူနေထိုင်သည့် အသက် ၁၂ နှစ်ခန့် မိန်းကလေးငယ်တဦးကို ယင်းလိုင်းခန်းမှ အသက် ၈၀ကျော် အမျိုးသားက အဓမ္မပြုကျင့်ခြင်းဟုသတင်းရင်းမြစ်တဦးကပြောသည်။
“ကလေးမိဖတွေမရှိတုန်းတစ်ခန်းကျော်ကနေလာပြီးပြုကျင့်တာ။ရဲစခန်းမှာတော့အမှုဖွင့်ထားတယ်။ဒါပေမဲ့ စစ်တပ်က သတင်းကိုဖုံးဖိထားတယ်။အမှုပျောက်သွားမှာစိုးရိမ်စရာဖြစ်ပါတယ်” ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement
ပန်းတောင်းမြို့နယ်တွင်တိုက်ပွဲဖြစ်ပွားနေပြီး ကပစ(၃)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရှေ့တန်းသို့ ရောက်နေသလို လူအင်အားလည်းနည်းနေကြောင်း ၎င်းကပြောသည်။
“လိုင်းခန်းတွေအကုန်လုံး ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေပဲရှိတယ်။ အချင်းချင်းစောင့်ရှောက်ရမယ့်အစားလုပ်ကြံတာ” ဟုအရွယ်မရောက်သေးသည့်ကလေးငယ် အဓမ္မပြုကျင့်ခံရမှုအပေါ် မြို့ခံတစ်ဦးကပြောသည်။
အဆိုပါကလေးငယ်အားအဓမ္မပြုကျင့်သူဟုစွပ်စွဲခံရသူမှာ အသက် ၈၂ နှစ်အရွယ် ဦးဟန်ငွေဆိုသူဖြစ်ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့ကစစ်ဆေးနေကြောင်း မြို့ခံအချို့ကပြောသည်။
“ရဲက စစ်နေလည်း တပ်ရင်းမှူးကို မလွန်ဆန်နိုင်ဘူး။ အမှုပိတ်ပစ်မှာ စိုးရတယ်” ဟုသတင်းရင်းမြစ်တစ်ဦးကပြောသည်။
ကပစ(၃)သည်ဆင်တဲကျေးရွာမှမြေဧက (၃၀၀၀) ကျော်၌ ရှိပြီး ၁၂၀ မမ လက်နက်ကြီးအမျိုးအစားများအပြင် မီးလောင်ဗုံးများလည်းထုတ်လုပ်သည့်နေရာဖြစ်သည်။
