စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၄)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ ပင်မသပိတ်စစ်ကြောင်းရဲဘော်တွေက ဦးဆောင်ပြီး ဒေသခံပြည်သူတွေနဲ့ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဖော်ဆောင်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီလူထုသပိတ် စစ်ကြောင်းက ILOရဲ့ ပုဒ်မ ၃၃အရ ချက်ချင်းအရေးယူ ပေး – ILO implement Article 33 on Myanmar Now 2025″ စာသားနဲ့ ILO ရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ လူထုသပိတ်လှုပ်ရှားမှုကို “လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန် အုံကြွ တော်လှန်ကြ” ဘန်နာကိုင်ဆွဲ ချီတက်ခဲ့ကြတာဖြစ်ပြီး အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။



















































