စစ်ကောင်စီတပ်များ လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့နေရာအနှံ့အပြားတွင် တော်လှန်လူငယ်များက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ ပုဒ်မ(၃၃)ဖြင့် စစ်ကောင်စီကို ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုသည့် ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၁) ပြုလုပ်ခဲ့သည်။
လူငယ်များက လူစည်ကားရာ ဆူးလေဘုရားလမ်း၊ ကန်တော်ကြီး၊ ဗိုလ်ချုပ်စျေး၊ တရားရုံး အစရှိသည့် နေရာတို့တွင် “ILO IMPLEMENT ARTICLE 33 ON MYANMAR NOW 2025” စာသားပါ ရုပ်ပုံများအား ကိုင်ဆောင်၍ ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းလှုပ်ရှားမှုသည် မြန်မာအလုပ်သမားထု၏ အခြေခံလွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများအပေါ် မတရားဖိနှိပ်တားမြစ်ခြင်းများ ပြုလုပ်နေသည့် အကြမ်းဖက်စစ်ကောင်စီအား အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အနေဖြင့် ပုဒ်မ (၃၃)ဖြင့် ထိရောက်စွာ အရေးယူပေးပါရန် တောင်းဆိုတိုက်တွန်းခြင်းဖြစ်ကြောင်း တော်လှန်လူငယ်များက ဆိုသည်။

Public Service Announcement
