close
Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြစ်​အတိုင်းစုန်ဆင်းလာသည့် စစ်ကောင်စီရေယာဥ် လက်နက်ကြီးထိမှန် မီးလောင်

ထားဝယ်မြို့မှတဆင့် မြစ်ကြောင်းအတိုင်းစုန်ဆင်းလာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် စက်လှေတစ်စင်းအား လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ မီးလောင်သွားကြောင်း ထားဝယ်တပ်ပေါင်းစုက ယနေ့(မတ်လ ၁၁ရက်) အသိပေး ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် စက်လှေတစ်စီးကို တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-ထားဝယ်တပ်ပေါင်းစု

ကျော်ဇော/People’s Spring

ထားဝယ်မြို့မှတဆင့် မြစ်ကြောင်းအတိုင်းစုန်ဆင်းလာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် စက်လှေတစ်စင်းအား လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ မီးလောင်သွားကြောင်း ထားဝယ်တပ်ပေါင်းစုက ယနေ့(မတ်လ ၁၁ရက်) အသိပေး ထုတ်ပြန်သည်။

မတ်လ ၁၀ရက် ည ၁၁နာရီခန့်က ထား၀ယ်မြို့မှ သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ဆိပ်ကမ်းဘက်သို့ စုန်ဆင်းလာသည့် စစ်ကောင်စီ​၏ စက်လှေတစ်စင်းအား RPG လက်နက်ကြီးအပါအဝင် လက်နက်ငယ်များဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဟု ဖော်ပြသည်။

“ညက မြစ်ကြောင်းတိုင်း ဆင်းလာလို့ ဗျင်းထည့်လိုက်တာဗျ။ စကစ ၆၀ လောက်ကိုလိုက်ပါလာတာ။ ထား၀ယ်ကနေမြစ်ကြောင်းအတိုင်း မြိတ်ဖက်ကိုဦးတည်ပြီး ဆင်းလာတာပါ”ဟု ထားဝယ်တပ်ပေါင်းစုတွင်ပါဝင်သည့် လောင်းလုံးမြို့နယ်(ပကဖ)မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုမှာ ၁၀မိနစ်ခန့် အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စက်လှေ RPG ထိမှန်၍ မီးလောင်ကာ စက်လှေကိုယ်ထည် ပျက်စီးသွားသည့်အပြင် စစ်ကောင်စီတပ်သား ၂၀ခန့် သေဆုံးကာ ၃၀ခန့် ဒဏ်ရာရသွားကြောင်း ၎င်းက ဆက်ပြောသည်။

” တိုက်ခိုက်ပြီးနောက်ပိုင်းမှာ မီးလောင်လို့ စက်လှေကိုယ်ထည် ပျက်စီးသွားတယ်။ လှေကတော့ ရေစီးအတိုင်း မျောပါသွားတယ်ဗျ” ဟု လောင်းလုံးမြို့နယ်(ပကဖ)မှ ပြောခွင့်ရသူက ရှင်းပြသည်။

သို့သော် စစ်ကောင်စီတပ်​၏ ထိခိုက်သေဆုံးမှုအပေါ် လူထုနွေဦးက အတည်မပြုနိုင်ပေ။

အလားတူ မတ်လ ၄ရက် ညနေ ၄နာရီခွဲခန့်ကလည်း ထား၀ယ်မြို့မှတဆင့် မြစ်ကြောင်းအတိုင်း စစ်မှုထမ်းသင်တန်းသားများ တင်ဆောင်၍ ကွန်တိန်နာသင်္ဘောဖြင့် စုန်ဆင်းလာသော စစ်ကောင်စီတပ်သားများအား လောင်းလုံး (ပကဖ)နှင့် ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DDT)တို့ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဇန်နဝါရီလဆန်းရဲ့ အေးစိမ့်စိမ့် ညနေခင်းတစ်ခုမှာကရင်နီပြည်နယ်ရဲ့ တောတွင်းတနေရာမှာဖွင့်လှစ်ထားတဲ့ အိုဝမ်း(O-1)ဆေးရုံကို သမီးလေးတစ်ယောက်ရောက်လာခဲ့တယ်။ စိတ်မကောင်းစရာတစ်ခုက ဝဝကစ်ကစ်ဖြူဖြူဖွေးဖွေးနဲ့ အသက်လေးလအရွယ် သမီးလေးဟာ သူ့အရွယ်နဲ့ မမျှတဲ့ လက်နက်ကြီးစထိပြီး ဒဏ်ရာတွေနဲ့အတူ ရောက်ရှိလာတာပါ။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်ရှိ စစ်ကောင်စီ၏ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ သတင်းထုတ်ပြန်သည်။

သတင်း

ထားဝယ်နယ် အရှေ့တောဒေသရှိ ပကာရီစခန်းနှင့် (၈)မိုင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့ကို နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင်လည်း ထားဝယ်(ပကဖ)နှင့် အဖွဲ့ဝင်များက သွားရောက် တိုက်ခိုက်ခဲ့သေးသည်။

သတင်း

မောင်မယ်ရှောင် ကျေးရွာ၊ ရှင် ဓာတ်ဝဲ ဘုရားအနီးတွင် နှစ်ဘက် တပ်ဆိုင်ထားဆဲဖြစ်၍ပြည်သူများ စစ်ရေးသတိရှိကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

Facebook