close
Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ မိန်းကလေးငယ်တစ်ဦးသေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ကျေးရွာသုံးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၊ စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - လူထုလှုပ်ရှားမှုကော်မတီတောင်သာ

ရှိန်း/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ကျေးရွာသုံးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၊ စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၀ရက် မနေ့ မနက် ၁နာရီခွဲလောက်မှာ သံဘိုကျေးရွာကို စစ်တပ်က စက်တပ်လေထီး (Paramotor)နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီစက်တပ်လေထီးနဲ့ တိုက်ခိုက်မှုမှာ ရွာအနီးက ချောင်းရိုးအတွင်းကျတာမို့ အထိခိုက်မရှိခဲ့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မနေ့ ညနေ ၃နာရီလောက်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပန်းပေါင်းအုပ်စု၊ အေးကြင်းရွာကို လာရောက်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုဟာ ဘုရားကုန်းအတွင်းကျရောက်ပြီး အသက် ၁၅နှစ်အရွယ် မနန်းစုဝေ သေဆုံးပြီး အသက် ၅၅နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မတ်လ ၁၁ရက် ဒီနေ့ မနက် ၁နာရီခွဲလောက်မှာလည်း စစ်ကောင်စီတပ်ဟာ ဇရပ်ကြီးကျေးရွာကို စက်တပ်လေထီးနဲ့ ထပ်မံဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၅လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“လူတွေက ဗုံးခိုကျင်းတွေထဲ ဝင်နေလို့မထိခိုက်ဘူး။ နေအိမ်တွေတော့ ပျက်စီးသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တောင်သာမြို့နယ်မှာ မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာဖြစ်သည့် နတ်ကြီးရွာကို စစ်ကောင်စီက ယနေ့(မတ်လ ၁၀ရက်)နေ့လည်ပိုင်းမှစ၍ လေကြောင်းမှ သုံးကြိမ်တိုက်ခိုက်ခဲ့ရာ ဒေသခံအရပ်သားထိခိုက်သေဆုံးမှုများရှိနေသည်။

သတင်း

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် နေရာအချို့၌ ယနေ့(မတ်လ ၈ရက်)တွင် တိုက်ပွဲဖြစ်နေပြီး ရွာနှစ်ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သွားသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ဥယျာဥ်ကြီးနှင့် အညာဖျားကျေးရွာများအား စစ်ကောင်စီတပ်က အင်အား ၂၀၀ခန့်ဖြင့် ယနေ့(မတ်လ ၇ရက်)နံနက်ပိုင်းတွင် ဝင်ရောက်စစ်ကြောင်းထိုးနေပြီး လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များက ပြောသည်။

Facebook