close
Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်ရှိ ကျေးရွာများ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အရပ်သားသုံးဦးသေဆုံးဟု KNU အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူအား ဆေးကုသမှုပေးနေစဉ်။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

မတ်လ ၆ရက်က စစ်ကောင်စီတပ်၏ တိုက်လေယာဉ်သည် မုန်းမြို့နယ် ကျောက်ကြီးပေါက်ကျေးရွာအတွင်း ဗုံးကြဲခဲ့ရာ (၆၃)နှစ် အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ (၁၅)နှစ်အရွယ် အပါအဝင် မိန်းကလေး နှစ်ဦး ဒဏ်ရာရရှိခဲ့ဟု ဖော်ပြသည်။

ယင်းနေ့၌ပင် စစ်ကောင်စီက မကျည်းတောကျေးရွာအား လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၅၃နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၅၅ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူလူထု နေအိမ်ပျက်စီးမှုများလည်း ရှိခဲ့သည်။

ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာကိုလည်း စစ်ကောင်စီက မတ်လ ၅ရက်တွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုမရှိဟုဆိုသည်။ မတ်လ ၆ရက် ညပိုင်းတွင် ရေးစီလော်(နရွဲပင်)ရွာကိုစစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ နေအိမ် ပျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ကျောက်ကြီးမြို့နယ် အပါအဝင် KNU အုပ်ချုပ်နယ်မြေများရှိ ပြည်သူလူထုနေထိုင်ရာ နေရာများကို လေကြောင်း၊ ဒရုန်း၊လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူထိခိုက်သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

စစ်ကောင်စီတပ်မှ ပြည်သူလူထုအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများ ရပ်တန့်နိုင်ရေး ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်ပေးရန် ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် နိုင်ငံတကာထံ တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ဥယျာဥ်ကြီးနှင့် အညာဖျားကျေးရွာများအား စစ်ကောင်စီတပ်က အင်အား ၂၀၀ခန့်ဖြင့် ယနေ့(မတ်လ ၇ရက်)နံနက်ပိုင်းတွင် ဝင်ရောက်စစ်ကြောင်းထိုးနေပြီး လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များက ပြောသည်။

သတင်း

ကရင်နီပြည်နယ်၊ မော်ချီးမြို့ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ အရပ်သား နှစ်ဦးသေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကျောက်ကွင်းကျေးရွာ ဘုန်းကြီးကျောင်းအား စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတစါပါး ပျံလွန်တော်မူခဲ့ပြီး ၂ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပြည်သူ ထိခိုက်မှု၊ နေအိမ်နှင့် စာသင်ကျောင်း ပျက်စီးမှုများရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

Facebook