close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ရလဖ အပြာယူနီဖောင်းဝတ်တွေကို စစ်ကောင်စီလက်နက်တပ်ဆင်

မန္တလေး မှာစစ်ကောင်စီရဲ့ညွှန်ကြားချက်နဲ့ ဖွဲ့စည်းထားတဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့ဝင်တွေ လက်နက်ကိုင်ဆောင်တာတွေ ရှိလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ပျုစောထီးလို့ အသိများတဲ့ ပြည်သူ့စစ်တွေကို မန္တလေးမှာ စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးပုံ (ပုံဟောင်း) ဓာတ်ပုံ - စစ်ကောင်စီ

ဆိုင်းမင်း/People’s Spring

မန္တလေး မှာစစ်ကောင်စီရဲ့ညွှန်ကြားချက်နဲ့ ဖွဲ့စည်းထားတဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့ဝင်တွေ လက်နက်ကိုင်ဆောင်တာတွေ ရှိလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ရလဖ လို့အတိုကောက်ခေါ်တဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့ဆိုပြီး အပြာရောင်ယူနီဖောင်းဝတ် အဖွဲ့တွေကို မန္တလေးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်း စစ်ကောင်စီ က ဖွဲ့စည်းလာတာပါ။

စတင်ဖွဲ့စည်းချိန်က လက်နက်တပ်ဆင်ပေးတာမရှိဘဲ ယာဉ်စစ်တာ၊ ဧည့်စာရင်းစစ်တာတွေမှာ စစ်ကောင်စီက ကနဦး အသုံးချပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာ မြို့နယ်တွေဘက်က ရလဖ အဖွဲ့ဝင်တွေ လက်နက်ကိုင်ဆောင်လာတာတွေ့ရတယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ဒေသခံက ပြောပါတယ်။

” အပြာဝတ်တွေကို လက်နက်ပေးထားတယ် အယောက်တိုင်းနီးပါး သေနတ်ပါတယ်”လို့ ပုသိမ်ကြီးမြို့နယ် နဲ့ မတ္တရာမြို့နယ်အစပ်က ကျေးရွာမှာနေထိုင်တဲ့ လူငယ်တစ်ဦးကပြောပါတယ်။

စစ်တပ်မှာ မသုံးတော့တဲ့ G -3 အမျိုးအစား သေနတ်၊ စစ်ကျန် ကာဘိုင် သေနတ်အမျိုးအစားတွေ ကိုင်ဆောင်ထားတဲ့ ရလဖ အဖွဲ့ဝင်တွေကို မတ်လ ၈ ရက်က မန္တလေး – မတ္တရာလမ်းပိုင်းမှာ တွေ့ခဲ့ရတယ်လို့ ဒေသခံတစ်ဦးက အသိပေးပါတယ်။

ဒါဟာ မန္တလေးနဲ့မိုင် ၂၀ ခန့်သာဝေးပြီး မန္တလေး PDF နဲ့ စစ်ရေး တင်းမာနေတဲ့ မတ္တရာနယ်ဘက်မှာ ရလဖ တွေကို လက်နက်တပ်ပြီး လမ်းပိုင်း လုံခြုံရေး ယူခိုင်းထားတာကိုတွေ့ရတာလို့ အဲဒီဒေသခံက ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ် သြဂုတ်လ ၂၅ ရက်က စစ်ကောင်စီခေါင်းဆောင်ဟာ မန္တလေးကိုရောက်ရှိချိန်မှာ နယ်မြေဒေသ လုံခြုံရေးအတွက်ရပ်ကွက်အလိုက် ၊ လမ်းအလိုက် လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းရမယ်လို့ ပြောခဲ့ပါတယ်။

အဲဒီလို အောက်ခြေအဆင့်အထိ လုံခြုံရေး စနစ်ကိုတည်ဆောက်နိုင်မယ်ဆိုရင် နယ်မြေဒေသ လုံခြုံရေး အတွက် အကျိုးရှိမယ်လို့ စစ်ရေးအရ ခြိမ်းခြောက်ခံထားရတဲ့ မန္တလေးတိုင်းကို ရောက်ရှိချိန်မှာ စစ်ကောင်စီခေါင်းဆောင်က ပြောခဲ့တာပါ။

တဆက်တည်းမှာပဲ ရပ်ကျေးအဆင့် လုံခြုံရေးအဖွဲ့တွေအထိ လက်နက်တပ်ဆင်တာကိုကွပ်ကဲမယ့် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုအဖွဲ့ကိုလည်း စစ်ကောင်စီက ပြီးခဲ့တဲ့နှစ်သြဂုတ်လအတွင်းမှာပဲ ဖွဲ့စည်းထားပါတယ်။

ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ခေါင်းစဉ်အောက်ကနေ လုံခြုံရေးအဖွဲ့တွေကို စစ်တပ်၊ ရဲ၊ ထွေအုပ်နဲ့ စစ်မှုထမ်းဟောင်းတွေ၊ မီးသတ် တို့ နဲ့ ဖွဲ့စည်းမှာဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက် ၊ကျေးရွာတွေမှာ နေထိုင်တဲ့ အရပ်သား အမျိုးသားတွေ ကို ပါထည့်သွင်းဖွဲ့စည်းဖို့ စစ်ကောင်စီကစီစဉ်ထားပါတယ်။

အဲဒီအဖွဲ့တွေကို ဖွဲ့စည်းရာမှာ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ ကိုက်ညီတဲ့ လက်နက်တွေ တပ်ဆင် ပေးမယ်လို့ လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်း (မန္တလေးကျောက်ဝိုင်း)မှာ တရုတ်ဝယ်လက်က စျေး​ကောင်းပေးမဝယ်တဲ့အတွက် အရောင်းအဝယ်အေးနေတယ်လို့ ကျောက်အရောင်းအဝယ်ပြုလုပ်သူတွေကပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ခေါ် ပျုစောထီးတွေ က လမ်းသွားလမ်းလာ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်ပြီး လုယက်တာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တယ်လို့ ကြုံ့တွေ့ခဲ့ရသူတွေ ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတံတားမှာ ဒီရက်ပိုင်းအတွင်းပေါ်တာဆွဲဖမ်းဆီးတာတွေပြန်လုပ်လာပြီး တပါတ်အတွင်းလူငယ်နဲ့သက်လတ်ပိုင်းအမျိုးသား၁၀၀ခန့်အထိ ဖမ်းဆီးခံလိုက်ရတယ်လို့ဒေသခံ က​ပြောပါတယ်။

ဆောင်းပါး

အာဏာသိမ်းကာလအတွင်း မကြာခဏ ဓါးပြတိုက်ခံနေရတဲ့၊ သဒ္ဓါထက်သန် မြန်မာ့အားမာန်လို့ ဆောင်ပုဒ်လက်ကိုင်ထားတဲ့ ကမ္ဘောဇဘဏ်ဟာ မနေ့က ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာလည်း ဓါးပြတိုက်ခံလိုက်ရပြန်ပါတယ်။

Facebook