close
Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနှင့် မြောင်မြို့နယ်အစပ် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ရွာသား ၁၀ဦးခန့်နှင့် ဘုန်းကြီးတစ်ပါး သတ်ဖြတ်သွား

မကွေးတိုင်း၊ ရေစကြိုနှင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အစပ်၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ရွာသား ၁၀ဦးခန့်နှင့် ဘုန်းကြီးတစ်ပါး သတ်ဖြတ်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)တာဝန်ခံ ကိုနွေဦးက ပြောသည်။

ရေစကြိုမြို့နယ်၊ ဇရပ်နီကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသည်ကို အဝေးက တွေ့ရစဉ်

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ရေစကြိုနှင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အစပ်၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ရွာသား ၁၀ဦးခန့်နှင့် ဘုန်းကြီးတစ်ပါး သတ်ဖြတ်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)တာဝန်ခံ ကိုနွေဦးက ပြောသည်။

မတ်လ ၄ရက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းသည် ရေစကြိုမြို့နယ်အပိုင်၊ မြောင်မြို့နယ်အစပ်ရှိ မြေစွန်းကျေးရွာအား စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဟု ဆိုသည်။

မြေစွန်းကျေးရွာအား သုံးရက် ဆက်မီးရှိို့နေသည့် စစ်ကောင်စီတပ် စစ်ကြောင်းအား သက်တော် (၈၀)ခန့်ရှိ ဘုန်းကြီးတစ်ပါးက ဝင်ရောက်တားဆီးခဲ့ခြင်းဟု ဆိုသည်။ အဆိုပါ ဘုန်းကြီးအား စစ်ကောင်စီတပ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ကိုနွေဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြေစွန်းကျေးရွာအတွင်း ဒေသခံအချို့ထိခိုက် သေဆုံးမှုရှိပြီး စာရင်းအတိအကျ မသိရသေးဟု ဆိုသည်။

” ပြည်သူကတော့ လောလောဆယ် ၁၀ယောက်လောက် အသတ်ခံထားရတယ်။ စာရင်းတော့အတိအကျမရသေးဘူး”ဟု ကိုနွေဦးက မြေစွန်းကျေးရွာအခြေအနေနှင့်ပတ်သက်၍ လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ယနေ့ (မတ်လ ၅ရက်)နံနက်ပိုင်းတွင် ရေစကြိုမြို့နယ်၊ ဇရပ်နီကျေးရွာအား စစ်ကြောင်းထိုး ထွက်ခွာသွား၍ မြေစွန်းရွာခံများက ပြန်လည်ဝင်ရောက်စဉ် ဒေသခံအချို့ထံမှ အတည်ပြုနိုင်ခြင်းဟု ၎င်းက ပြောသည်။

ထို့အပြင် ယနေ့ နံနက် ၈နာရီခန့်တွင် ရေစကြိုမြို့နယ်ရှိ ရွှေလှန်ကျေးရွာအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ယနေ့ ထပ်တိုးစစ်ဘေးရှောင်ရသည့် ကျေးရွာများတွင် မြောင်မြို့နယ်မှ ငါးရံ့အို ၊မင်းလှနှင့် ရေစကြိုမြို့နယ်မှ သာခေါင်ကြီး၊ဇရပ်နီနှင့် သာခေါင်လေးရွာတို့မှ ပြည်သူ ၆,၀၀၀ခန့်ရှိသည်ဟု ဆိုသည်။

“လောလောဆယ် ရေလယ်ကျွန်းဒေသ ဇရပ်နီရွာကို မီးရှို့နေပါတယ်”ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၂၆ ရက်ကစ၍ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ရေစကြိုနယ်မြို့နယ်မှ မြေစွန်း၊ဆင်ခြေယာ၊မာလကာခြံ၊ရွှေလှန်၊ရွာသစ်ရွာများနှင့် မြောင်မြို့နယ်မှ နနွင်းကိုင်း၊ဆူးလေးကုန်း၊ မြစ်သာ၊ ဆင်လှောင်၊ သုခဒီပ၊ မြစ်ဆုံ ရွာတို့မှ ဒေသခံပြည်သူ ၁၅,၀၀၀ ထက်မနည်းစစ်ရှောင်နေရ ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်နေပြီး ဖေဖော်ဝါရီ ၂၆ ရက်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ရုပ်အလောင်းငါးလောင်းနှင့် ခြောက်ဦး ဖမ်းမိပြီး လက်နက်လေးလက်ရရှိခဲ့သည်။

ရေစကြိုနှင့် မြောင်မြိုနယ် ဒေသအစပ်၌ စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦးကိုလည်း လက်နက်နှင့်အတူ အရှင်ဖမ်းမိကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က မတ်လ ၄ရက်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်၊ ပေါက်နှင့် ရေစကြိုမြို့နယ်တို့ရှိ ရေနံမှော်နှင့် ကျေးရွာ ၉ရွာအား စစ်ကောင်စီက ယမန်နေ့ည ၁နာရီကျော်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၁၈ဦးသေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာရရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ အင်အား ၁၆၀ပါ စစ်ကြောင်းအား တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ရုပ်အလောင်းငါးလောင်း ရရှိပြီး ခြောက်ဦးအရှင်ဖမ်းမိကြောင်း မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့(MCRF)က ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် ယနေ့(ဇန်နဝါရီ ၃၀ ရက်) နံနက်ပိုင်းတွင် ကျေးရွာများအား မီးရှို့ဖျက်ဆီးနေကြောင်း ဒေါင်းစစ်အောင်(LPDF) တပ်ဖွဲ့တာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးရန်ပြင်ဆင်နေ၍ ပြည်သူများအနေဖြင့် သတိထားကြရန် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(CHU PDF)မှ တာဝန်ရှိသူ ကိုသန့်က လူထုနွေဦးသို့ ပြောသည်။

Facebook