close
Connect with us

Hi, what are you looking for?

သတင်း

ONE Championship ပွဲဦးထွက်တွင် အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည့် ဘရော်နီကာ

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် One Championship ပြိုင်ပွဲ ပွဲဦးထွက်ပွဲစဥ်တွင် ချီလီဖိုက်တာ ဖရန်စီကာဗီရာကို အမှတ် ဆုံးဖြတ်ချက် ဖြင့် ရှုံးနိမ့်ခဲ့သည်။

ဓာတ်ပုံ - One Championship 

သုည/Peoples Spring

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် One Championship ပြိုင်ပွဲ ပွဲဦးထွက်ပွဲစဥ်တွင် ချီလီဖိုက်တာ ဖရန်စီကာဗီရာကို အမှတ် ဆုံးဖြတ်ချက် ဖြင့် ရှုံးနိမ့်ခဲ့သည်။

ဘရော်နီကာသည် ယနေ့ (ဖေဖော်ဝါရီ ၁၄) ညပိုင်းတွင် ထိုင်းနိုင်ငံ၌ ကျင်းပသည့် ONE Friday Fights 97 ပြိုင်ပွဲ၏ အန်တန်ဝိတ်တန်း အမျိုးသမီးမွေထိုင်းစိန်ခေါ်ပွဲ၌ ချီလီဖိုက်တာ ဖရန်စီကာဗီရာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းပွဲစဥ် ပထမအချီတွင် ဘရော်နီကာသည် လက်သီးချက်၊ ခြေကန်ချက်များဖြင့် အသာရခဲ့ပြီး ဘရော်နီကာ၏ ညာထောက်လက်သီးချက်ကြောင့် ဗီရာနှာခေါင်းသွေးလျှံ ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

သို့သော် ဒုတိယအချီတွင် ဗီရာက လက်သီး၊ တံတောင်ရိုက်ချက်တို့ဖြင့် ပြန်လည်အသာရခဲ့သည့်အတွက် ဘရော်နီကာ အထိနာခဲ့သည်။

နောက်ဆုံးအချီတွင်လည်း ဗီရာကသာ လက်သီးချက်၊ ဒူးတိုက်ချက်တို့ဖြင့် အသာစီးထိုးသတ်နိုင်ခဲ့သည့်အတွက် ပွဲအပြီး၌ ဒိုင်များ၏ အမှတ်ဆုံးဖြတ်ချက်အရ ဘရော်နီကာအား အနိုင်ရခဲ့ခြင်း ဖြစ်သည်။

Thai Fight ပြိုင်ပွဲတွင် နာမည်ကြီးနေသည့် ဘရော်နီကာအနေဖြင့် ယင်းပွဲတွင် အကောင်းဆုံးယှဥ်ပြိုင်ခဲ့သော်လည်း ၎င်း၏ One Championship ပွဲဦးထွက်၌ အဖွင့်မလှခဲ့ဘဲ အရှုံးဖြင့်သာ ရင်ဆိုင်ခဲ့ရသည်။

ဘရော်နီကာသည် ဇန်နဝါရီနောက်ဆုံးပတ်က One Championship နှင့် တရားဝင်စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး စာချုပ်ပါ အချက်အလက်အရ One ၏ မွေထိုင်းနှင့် ကစ်ဘောက်ဆင်ပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။

အသက် ၂၈ နှစ်အရွယ် ကယန်းတိုင်းရင်းသူ ဘရော်နီကာသည် Thai Fight မွေထိုင်းပြိုင်ပွဲ ၁၉ ပွဲ ယှဉ်ပြိုင်ထိုးသတ်ရာ နှစ်ပွဲသာ ရှုံးနိမ့်ပြီး ၁၇ ပွဲ နိုင်ပွဲရရှိထားသူ ဖြစ်ကာ One Championship ပြိုင်ပွဲ၌ တစ်ပွဲထိုး တစ်ပွဲရှုံးနိမ့်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် One Championship နှင့် မကြာသေးမီက စာချုပ်ချုပ်ဆိုပြီးနောက် ပထမဆုံးပွဲဦးထွက်အဖြစ် ချီလီဖိုက်တာနှင့် ထိုးသတ်မည်ဖြစ်ကြောင်း Oneက တရားဝင်ထုတ်ပြန်သည်။

သတင်း

One Championshipက ယနေ့ (ဇန်နဝါရီ ၂၄) ညပိုင်းက ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် မွေထိုင်းပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးနှင့် သန့်ဇင်တို့က ပြိုင်ဘက်ကစားသမားများကို အသီးသီး ရှုံးနိမ့်ခဲ့သည်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ယနေ့ (စက်တင်ဘာ ၂၇) ညပိုင်း၌ ကျင်းပခဲ့သည့် ONE Friday Fights 81 ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော်စိုးလင်းဦးက အိမ်ရှင်ထိုင်းဖိုက်တာ နဘီးကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ယနေ့ (စက်တင်ဘာ ၂၇) ညပိုင်း၌ ကျင်းပသည့် ONE Friday Fights 81 ပြိုင်ပွဲတွင် မြန်မာလက်ဝှေ့ကျော် သန့်ဇင်က ဂျပန်ကစ်ဘောက်ဆစ်ချန်ပီယံ တာကေးရုကို ဒုတိယအချီတွင် အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့သည်။