သုည/People’s Spring
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ယနေ့ (စက်တင်ဘာ ၂၇) ညပိုင်း၌ ကျင်းပခဲ့သည့် ONE Friday Fights 81 ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော်စိုးလင်းဦးက အိမ်ရှင်ထိုင်းဖိုက်တာ နဘီးကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ယင်းပွဲစဥ်တွင် စိုးလင်းဦးသည် တံတောင်ရိုက်ချက်၊ လက်သီးချက်များဖြင့် ပူးကပ်ထိုးသတ်ရန် ကြိုးစားခဲ့သော်လည်း နဘီးသည် ၎င်း၏အရပ်မြင့်မားမှုဖြင့် အသာစီးယူကာ ထိုးသတ်ခဲ့သည်။

Public Service Announcement
စိုးလင်းဦးအနေဖြင့် လူချင်းပူးကပ်ထိုးသတ်ရန် ကြိုးစားခဲ့ပေမယ့် နဘီး၏ အရပ်အမောင်းနှင့် နည်းစနစ်ကြောင့် ထိုးနှက်ရန် အခက်တွေ့ခဲ့သည်။
ထို့အပြင် နဘီးသည် ၎င်းအားသာသည့် ဘယ်ညာဒူးတိုက်ချက်၊ ခြေကန်ချက်၊ တံတောင်ရိုက်ချက်များ အသုံးပြု ထိုးနှက်ခဲ့၍ စိုးလင်းဦးအထိနာခဲ့သည်။
ထို့ကြောင့် ပွဲအပြီးတွင် နဘီးသည် အမှတ်ပေးဒိုင်များ၏အဆုံးအဖြတ်ဖြင့် ONE Championshipတွင် ရှုံးပွဲမရှိသေးတဲ့ မြန်မာလက်ဝှေ့ကျော်စိုးလင်းဦးကို အနိုင်ယူခဲ့သည်။
ယင်းပွဲရလဒ်ကြောင့် မြန်မာ့လက်ဝှေ့ကျော် သံမဏိစိုးလင်းဦးသည် ONE Championship ပြိုင်ပွဲ ၄ ပွဲထိုးသတ်ခဲ့ပြီး ၃ပွဲနိုင် ၁ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားသည်။
