close
Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၁)နယ်မြေရှိ ကျေးရွာများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၃ဦးသေ၊ ၁၀ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင် အတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေငခံပြည်သူ ၃ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာနှင့် ကော်ကာကျေးရွာ နေအိမ်များ ပျက်စီးမှုများ။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင် အတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေငခံပြည်သူ ၃ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယနေ့(ဖေဖော်ဝါရီ ၁၃ရက်)တွင် ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ရှိ ကျေးရွာများသို့ တိုက်ပွဲမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရှိ ဘုန်းကြီးကျောင်းနှင့် ကျေးရွာဝန်းကျင်ကို စစ်ကောင်စီက ယနေ့နံနက်တွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ဦးကျော် ထိမှန်ပြီး ၃ဦး သေဆုံးခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ကျိုက်ထိုမြို့နယ် ကော်ကာကျေးရွာလည်း လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဘီးလင်းမြို့နယ် တဂေးလောင်းချောင်းဖျားကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် တိုက်ခိုက်မှုကြောင့် အပျက်အစီးအများအပြားနှင့်ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးမှုများ ရှိခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီသည် ကျေးရွာစာသင်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်း၊ဘုန်းကြီးကျောင်း၊ပုထိုးစေတီများနှင့် ပြည်သူပိုင်နေအိမ်များကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီ ၁၃ရက် ညနေပိုင်းတွင် ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ကျေးရွာအုပ်စု တဂေးလောင်းချောင်းဖျားရွာ ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ တဂေးလောင်းချောင်းဖျားကျေးရွာခရစ်ယာန်ဘုရားကျောင်းဝန်းအတွင်းသို့ (၁)လုံး၊ တဂေးလောင်းချောင်းဖျားကျေးရွာထဲ ၁လုံး ကျရောက်ပေါက်ကွဲပြီး ခရစ်ယာန်ဘုရားကျောင်းနှင့် နေအိမ် ၁၇လုံးပျက်စီးခဲ့သည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၉ရက်ကလည်း ဘီးလင်းမြို့နယ်၊မင်းစောကျေးရွာအုပ်စု၊တဂေးလောင်း ကျေးရွာ (ထီးဆိဘောကျေးရွာ) ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားစေတီနှင့် သာသနာအဆောက်အအုံများ ထိခိုက်ပျက်စီးပြီး တဂေးလောင်းရွာ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

KNU တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်ရှိ မဲပလီ စစ်ကောင်စီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက တပ်မဟာ(၁)နယ်မြေသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ကြိမ်ဖန်များစွာ ပြုလုပ်လျက်ရှိကြောင်း KNU က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

"NUGနဲ့ PDFကိုဖြိုခွဲတယ်။ PDFနဲ့ EAOတပ်တွေကို ဖြိုခွဲတယ်။ ကွဲအောင်ပေါ့ဗျာ။ထင်ယောင် ထင်မှား စကားတွေလျှောက်ပြောတာပေါ့နော်။ အဲဒါတွေကို ကျနော်တို့က ဒီကနေ့ ခေါင်းထဲမထည့်ဖို့လိုတယ်။ အရေးကြီးတာက ဘုံရန်သူကို ဦးတည်တိုက်မယ်"-ပဒိုစောသမိန်ထွန်း

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘီးလင်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့်လူနေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသခံ KNU သတင်းရင်းမြစ်က ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင် တစ်နေရာတွင် စစ်ကောင်စီတပ် စစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသော စစ်သားများအနေဖြင့် နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေး တပ်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များထံသို့ ရရာနည်းလည်းဖြင့် လက်နက်ချအလင်းဝင်ရန်တိုက်တွန်း အသိပေးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ဖေဖော်ဝါရီ ၅ရက်တွင် ထုတ်ပြန်ခဲ့သည်။