သုည/People’s Spring
မန္တလေး၊ စစ်ကိုင်းနဲ့ မွန်ပြည်နယ်တို့က သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၁၀) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၃)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
မန္တလေးမြို့ပေါ် စျေးချိုနာရီစင်အနီးမှာ Voice Of Mandalay မှ တော်လှန်လူငယ်တွေက “မင်းအောင်လှိုင်M A L” လို့ သွေးတုနဲ့ စာရေးသားခဲ့ပြီး တော်လှန်ရေးစာရွက်တွေကို ဖြန့်ကြဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ခေတ်ဟောင်းချိုးဖျက် ဒို့မျိုးဆက် သပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းတို့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ (၁၁၀) ပြည့်နှစ် အထိမ်းအမှတ်အနေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အထင်ကရနေရာတွေမှာလည်း ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) မှ မွန်လူငယ်တစ်ဦးက အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဆန့်ကျင်တဲ့ စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
