close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ဖိနှိပ်မှု လက်မခံသည့် ပြည်သူများကို လက်ရှိ နိုင်ငံရေးခေါင်းဆောင်များက စနစ်တကျထိန်းကြောင်းပြီး ဘုံရန်သူ စစ်ကောင်စီအား တိုက်ခိုက်ရန် KNU ဝါရင့်ခေါင်းဆောင်တိုက်တွန်း

“NUGနဲ့ PDFကိုဖြိုခွဲတယ်။ PDFနဲ့ EAOတပ်တွေကို ဖြိုခွဲတယ်။ ကွဲအောင်ပေါ့ဗျာ။ထင်ယောင်
ထင်မှား စကားတွေလျှောက်ပြောတာပေါ့နော်။ အဲဒါတွေကို ကျနော်တို့က ဒီကနေ့ ခေါင်းထဲမထည့်ဖို့လိုတယ်။ အရေးကြီးတာက ဘုံရန်သူကို ဦးတည်တိုက်မယ်”-ပဒိုစောသမိန်ထွန်း

ပဒိုစောသမိန်ထွန်း။ ဓါတ်ပုံ-KNU

“NUGနဲ့ PDFကိုဖြိုခွဲတယ်။ PDFနဲ့ EAOတပ်တွေကို ဖြိုခွဲတယ်။ ကွဲအောင်ပေါ့ဗျာ။ထင်ယောင်
ထင်မှား စကားတွေလျှောက်ပြောတာပေါ့နော်။ အဲဒါတွေကို ကျနော်တို့က ဒီကနေ့ ခေါင်းထဲမထည့်ဖို့လိုတယ်။ အရေးကြီးတာက ဘုံရန်သူကို ဦးတည်တိုက်မယ်”-ပဒိုစောသမိန်ထွန်း

ဟန်နွေ/People’s Spring

စစ်ကောင်စီက နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုများ အပြင် ပုံစံမျိုးစုံဖြင့် ပြည်သူများအား ဖိတ်နှိပ်လျက်ရှိသော်လည်း ပြည်သူများအနေဖြင့် ဖိနှိပ်မှုကို လက်မခံကြကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကော်မတီဝင် ဝါရင့်တော်လှန်ရေးခေါင်းဆောင် တစ်ဦးဖြစ်သည့် ပဒိုစောသမိန်ထွန်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၁၂ရက်တွင် ကျရောက်သည့် ပင်လုံစာချုပ်ချုပ်ဆိုသည့်နေ့ အခမ်းအနားကို ပဒိုစောသမိန်ထွန်း တက်ရောက် အမှာစကား ပြောကြားစဉ် စစ်တပ်အာဏာသိမ်းပြီးနောက်တိုင်းပြည် အခြေအနေ အဆိုးရွားဆုံး အခြေအနေကြုံနေရပြီး စစ်ကောင်စီက ပြည်သူကို ဖိနှိပ်မှု အခြေအနေကို ပြောပြခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက လေကြောင်းမှဗုံးကြဲအကြမ်း ဖက်တိုက်ခိုက်မှုများ တပြည်လုံးတွင် ပြုလုပ်နေသော်လည်း ပြည်သူအနေဖြင် ထိလေကြွလေဖြစ်သည်ဟု ပြောပြသည်။

Public Service Announcement

Public Service Announcement

“အခုဟာက တပြည်လုံးချတာ သိတဲ့အတိုင်းပဲ။ ဒါပေမဲ့ လူထုက မရဘူးနော် ထိလေကြွလေပဲ။ ဖိလေချချင်လေပဲ။ အဲဒါကတော့ ဒီကနေ့ ပြည်သူလူထုကြီးရဲ့ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးရဲ့ စိတ်ဓာတ်က အဲဒီလို ဖြစ်နေတာ။ အရေးကြီးတာက ဒီဟာကြီးကို တည့်တည့်မတ်မတ်နဲ့ မှန်မှန်ကန်ကန်ဖြစ်သွားအောင် ထိန်းကြောင်းပေးရမှာက တရာဝန်ရှိ လက်ရှိ နိုင်ငံရေးခေါင်းဆောင်တွေပဲ ။ အဲဒီတော့ ဒါကို စနစ်တကျ လုပ်သွားဖို့လိုတယ်။ ဒီလူငယ်တွေရဲ့ တက်ကြွမှုကို အလဟသ အဖိတ်အစင် မဖြစ်အောင် သေသေချာချာ ထိန်းကြောင်းပြီးမှ ဦးတည်ချက် ရှိရှိ ဒီကနေ့ တပြည်လုံးရဲ့ဘုံရန်သူကိုကျနော်တို့တိုက်သွားဖို့လိုတယ်”
ဟု ပဒိုစောသမိန်ထွန်းက ပြောသည်။

စစ်​ကောင်စီက အာဏာသိမ်းပြီး​နောက်ပိုင်း ၂၀၂၄ ​အောင်တိုဘာလကုန်အထိ နိုင်ငံတဝန်း ​နေအိမ်​ပေါင်း ၁၀၃,၀၀၀ ​​ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို ၊ ပြည်သူ ၆၂၀၀ ​ကျော်ကိုအကြမ်း ဖက်သတ်ဖြတ်ခဲ့​ကြောင်း AAPP နှင့် Data For Myanmar ၏ အချက်အလက်များအရ သိရသည်။ပြည်သူများအား နည်းမျိုးစုံဖြင့် ဖိနှိပ်လျက်ရှိသည့် စစ်ကောင်စီကို ပြည်သူများကလည်း ပုံစံမျိုးစုံဖြင့် ခုခံတော်လှန်လျက်ရှိသည်။ ထိုသို့ ခုခံတွန်းလှန်မှုများအနက် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများသည် ဖေဖော်ဝါရီ ၁၂ရက်က ရန်ကုန်မြို့ ဒေါပုံမြို့နယ် ကြည်စုရပ်ကွက်တွင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ဆိုကာစစ်မှုထမ်းစာရင်းလိုက်လံ ကောက်ယူစဥ် အိမ်ရှင်တဦးက လက်မခံဘဲ စစ်ကောင်စီ ရာအိမ်မှူးအပါအဝင် ဝန်ထမ်း ၃ဦးကို ဓာတ်ဆီဖြင့် ပတ်၍ မီးရှို့တိုက်ခိုက်ခဲ့သည်။

သန်းခေါင်စာရင်း အကြောင်းပြပြီး စစ်မှုထမ်းရန်လိုက်လံ လုပ်ဆောင်သည့်အပေါ် အိမ်ရှင်က မခံနိုင်၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝန်ထမ်း သုံးဦးလုံး မီးလောင်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် အိမ်ရှင် အမျိုးသားလည်းထွက်ပြေး လွတ်မြောက် ခဲ့​ကြောင်း ​ဒေသခံပြည်သူအချို့က​ပြောသည်။

KNU ခေါင်းဆောင် ပဒိုစောသမိန်ထွန်းက ပြည်သူကို ဖိနှိပ်နေသည့် စစ်ကောင်စီနှင့် စေ့စပ်ဆွေးနွေးရေးသည်လည်း အဖြေကောင်းရမည်မဟုတ်ကြောင်း ယမန်နေ့ အခမ်းအနား၌ ထည့်သွင်း ပြောကြားခဲ့သည်။

“စစ်တပ်နဲ့သာ ဒီကနေ့ စကားပြောမယ်ဆိုလို့ရှိရင်တော့ စစ်တပ်ရဲ့ ၂၅ ရာခိုင်နှုန်းက ဘယ်တော့မှ ထွက်တော့မှာမဟုတ်ဘူး။ ကျနော်တို့က စနစ်သစ်တစ်ခုကိုတည်ဆောက်လို့က ရမှာ မဟုတ်ဘူး။ စေ့စပ်ဆွေးနွေးရေးဆိုတာဒါ က အဓိက မထားချင်ဘူး။ ဘုံရန်သူကို တော့ ဒီကနေ့ရှိတဲ့ ခွန်အားနဲ့ အကုန်လုံးက တိုက်မှပဲ ။ မတိုက်ရင်တော့ စနစ်သစ်တခုကို ထူလောင်လို့ မရတော့ဘူးလို့ ကျနော်ဒီအတိုင်းပဲထင်တယ်” ဟု ပဒိုစောသမိန်ထွန်းက ပြောသည်။

တဖက်တွင် စစ်ကောင်စီကလည်း တော်လှန်ရေးအဖွဲ့များအကြား ဖြိုခွဲရန် ကြိုးပမ်းနေသည်ဟု သတိပေးသည်။

“NUGနဲ့ PDFကိုဖြိုခွဲတယ်။ PDFနဲ့ EAOတပ်တွေကို ဖြိုခွဲတယ်။ ကွဲအောင်ပေါ့ဗျာ။ထင်ယောင်
ထင်မှား စကားတွေလျှောက်ပြောတာပေါ့နော်။ အဲဒါတွေကို ကျနော်တို့က ဒီကနေ့ ခေါင်းထဲမထည့်ဖို့လိုတယ်။ အရေးကြီးတာက ဘုံရန်သူကို ဦးတည်တိုက်မယ်။ဒါကို မတိုက်နိုင်ရင်တော့ မရဘူး။ ဂျန်နရေးရှင်း Z တွေလည်း သူတို့ခမျာ ဆုံးရှုံးမှုတွေက မနည်းဘူး” ဟု ပဒိုစောသမိန်ထွန်းက ပြောသည်။

တိုင်းပြည်၌ မည်သည့်အချိန်မှ စစ်အာဏာရှင်စနစ်မပေါ်ပေါက်စေရန်၊ လူမျိုးကြီးဝါဒမပေါ်ပေါက်စေရန် အပြောမဟုတ်သည့် ဖက်ဒရယ်ဒီမိုကရေစီနှင့် ကိုက်ညီသည့် နိုင်ငံတည်ဆောက်နိုင်ရေး အားလုံးရုန်းကန်ကြိုးစားကြရန်လည်း KNU ခေါင်းဆောင်က တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘီးလင်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့်လူနေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသခံ KNU သတင်းရင်းမြစ်က ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင် တစ်နေရာတွင် စစ်ကောင်စီတပ် စစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသော စစ်သားများအနေဖြင့် နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေး တပ်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များထံသို့ ရရာနည်းလည်းဖြင့် လက်နက်ချအလင်းဝင်ရန်တိုက်တွန်း အသိပေးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ဖေဖော်ဝါရီ ၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲပလီဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် (၄၂)လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၅ရက်) သတင်းထုတ်ပြန်သည်။