close
Connect with us

Hi, what are you looking for?

သတင်း

နမခမှ ဘုတလင်သို့အင်အားလာဖြည့်​သောစစ်​ကြောင်းကို ​တော်လှန်​ရေးတပ်များတိုက်ခိုက်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဘုတလင်မြို့သို့ အင်အားလာဖြည့်သည့် စစ်ကောင်စီစစစ်ကြောင်းကို ဘုတလင်မြို့နယ်အတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ဆယ်ဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၉ ရက်​နေ့တွင် မုံရွာနမခ မှဘုတလင်သို့ အင်အားလာဖြည့်​သော စစ်​ကြောင်းကို​တော်လှန်​ရေးတပ်များတိုက်ခိုက်ပြီး​နောက်သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့် ရိက္ခာများ။ ဓါတ်ပုံ-အမှတ် ၁ စစ်​ဒေသ

အိမ်သွင်/People’s Spring

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဘုတလင်မြို့သို့ အင်အားလာဖြည့်သည့် စစ်ကောင်စီစစစ်ကြောင်းကို ဘုတလင်မြို့နယ်အတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ဆယ်ဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိသည်။

ကားသုံးစီးဖြင့်လာရောက်သည့် အင်အား၈၀ကျော်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီလ ၆ရက် နေ့လယ်ပိုင်းတွင်​တော်လှန်​ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

“ဘုတလင်ရဲ့တောင်ဘက်မှာဖြစ်တာ။သေတာက မျက်မြင်တင် ၈ယောက်။ အကုန် ထမ်းတင်သွားတယ်။ ကားနဲ့ဝင်လုံးပြီးပစ်တာ”ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

​တော်လှန်​ရေးတပ်များက ဗျူဟာကျကျတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တဦး လက်မောင်းအားသေနတ်ကျည်ဖောက်ထွက်ဒဏ်ရာရခဲ့​သော်လည်း အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း တိုက်ပွဲဝင်ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ကားတစီးသည် စစ်ကောင်စီစစ်ကြောင်းအနီးကျန်ခဲ့ပြီး စစ်ကောင်စီကမောင်းနှင်ယူဆောင်သွားကြောင်း လည်း၎င်းက​ပြောသည်။

ယခုတိုက်ခိုက်ခံရသောစစ်ကြောင်းသည် ဘုတလင်မြို့ပေါ်သို့ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းထံ လူသစ်၊ လက်နက်နှင့်ရိက္ခာလာပို့ခြင်းဖြစ်သည်။ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီစခန်းမရှိတော့ဘဲ မြို့ပေါ်တွင် လှုပ်ရှားစစ်ကြောင်းသာ ရှိတော့သည်။

ဘုတလင်မြို့နှင့် ဆယ်မိုင်ခန့်အကွာ၌ရှိပြီး သုံးနှစ်ကျော် တပ်စွဲထားသော ကူတော်ရဲစခန်းကို ဇန်နဝါရီလ ၁ရက်နေ့တွင် စစ်ကောင်စီက အပြီးသတ်စွန့်ခွာသွားသည်။

ပြီးခဲ့သည့်စက်တင်ဘာလ၃၁ရက်နေ့က ကူတော်ရဲစခန်းမှ အင်အား ၈၅ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတခုလုံးပျက်စီးသွားခဲ့သည်။စစ်သုံ့ပန်းအများအပြားဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများလည်းရရှိခဲ့သည်။

ထိုကဲ့သို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ကြောင်းထိုးမှုများပြုလုပ်ခဲ့ပြီး အောက်တိုဘာလနှင့်နိုဝင်ဘာလအတွင်း ဘုတလင်မြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးကာ ဒေသခံ၂၄ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်။

ဇန်နဝါရီလ ၉ ရက်​နေ့တွင်လည်း မုံရွာနမခ မှဘုတလင်သို့ ထွက်လာသော ထပရ(၉၂၉) နှင့် တပ်မ (၇၇) လက်အောက်ခံ စစ်သားများလိုက်ပါလာ​သော ကား (၃) စီးနှင့် ချောဆွဲခံထားရသော ရိက္ခာတင်ကုန်ကား (၇) စီးအား ​တော်လှန်​ရေးတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့သည်။ကြားဖြတ်တိုက်

ခိုက်ရာစစ်သား ၁၅ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၇ ဦး ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့​ကြောင်းအမှတ်(၁) စစ်​ဒေသက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာတစ်ရွာမှ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသည့်အပြင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကဖ) မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို PDF များက စီးနင်းတိုက်ခိုက်​သောရုပ်သံမှတ်တမ်းကို Burma Liberation Democratic Front - BLDF က ဒီက​နေ ညမှာထုတ်ပြန်လိုက်သည်။

သတင်း

စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံး၊ ၇ ဦး ဖမ်းမိပြီး လကနက်ခဲယမ်းများရဟု အမှတ် (၁)စစ်ဒေသ ထုတ်ပြန်

သတင်း

ကမ္မမြို့နယ် ချောင်းဂွရွာနှင့်ချိုင်ရွာကို ဒီဇင်ဘာလ၂၄ရက်တွင် မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် မြစ်ခြေမြို့နယ်သို့ ဒီဇင်ဘာ လ၂၉ ရက်မှစ၍ ဝင်ရောက်လာခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။