close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့က ပန်းလှိုင်ဆေးရုံအပါအဝင် ပုဂ္ဂလိက​ဆေးရုံ ၇ ရုံကို စစ်​ကောင်စီပိတ်သိမ်းခိုင်း

မန္တလေးမြို့ကပန်းလှိုင်ဆေးရုံအပါအဝင် နာမည်ရ ပုဂ္ဂလိက ဆေးရုံ ၇ ရုံကို စစ်​ကောင်စီကပိတ်သိမ်းခိုင်းလိုက်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက​ပြောပါတယ်။

ပန်းလှိုင်​ဆေးရုံ (ဓါတ်ပုံ-​ဆေးရုံ​ဖေစ်ဘွခ်စာမျက်နှာ)

■ပန်းလှိုင် ၊မြတ်ချယ်ရီ၊မြတ်ဝေလျှံ၊ မင်္ဂလာမျိုးဆက် ၊ လန်ဒန်၊ ဇီဝက၊ ငြိမ်းချမ်း ဆေးရုံ​တွေပိတ်သိမ်းခံရတာဖြစ်

■CDM ဆရာဝန်ခန့်တယ်၊ ဒဏ်ရာရလူနာကုတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖိအား​ပေးပိတ်ခိုင်းသလို ၊အခွန်​တွေတိုး​ကောက်လို့​​မ​ပေးနိုင်တာ​ကြောင့်အပိတ်ခံရ

ရှိန်း / People’s Spring

မန္တလေးမြို့က ပန်းလှိုင်ဆေးရုံအပါအဝင် နာမည်ရ ပုဂ္ဂလိက ဆေးရုံ ၇ ရုံကို စစ်​ကောင်စီက ပိတ်သိမ်းခိုင်းလိုက်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပန်းလှိုင်ဆေးရုံ၊ မြတ်ချယ်ရီ၊ မြတ်ဝေလျှံ၊ မင်္ဂလာမျိုးဆက်၊ လန်ဒန်၊ ဇီဝက၊ငြိမ်းချမ်း ဆေးရုံတွေ ပိတ်သိမ်းခံရတာလို့သိရပါတယ်။

အဲဒီအထဲက ပြည်ကြီးတံခွန်မြို့နယ်က လန်ဒန်ဆေးရုံဟာပြည်သူတွေအားထားရတဲ့ဆေးရုံဖြစ်ပါတယ်။ CDM ဆရာဝန်တွေကိုအလုပ်ခန့်တယ် ၊ဒဏ်ရာရလူနာတွေကိုဆေးကုပေးတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့စစ်တပ်ကမကြာခဏဝင်ရောက်စီးနင်းရှာဖွေခံရတဲ့ဆေးရုံဖြစ်ပါတယ်။

ပြီးခဲ့တဲ့တပတ်​ကျော်လောက်ကမန္တလေးမြိုကဆေးရုံတွေကိုစစ်ကောင်စီတပ်တွေညဘက်တွေမှာဝင်ရောက်စီးနင်းတာတွေလုပ်ခဲ့ပြီး ယခုလိုဆေးရုံတွေပိတ်သိမ်းခံရတာလို့ နီးစပ်သူတွေကပြောပါတယ်။

“CDMဆရာဝန်တွေကို ဝင်စစ်တာ။ဒဏ်ရာရတဲ့ပြည်သူတွေကိုကုပေးတဲ့နေရာမှာ နယ်ဘက်ကပြည်သူတွေဆိုရင်စစ်တပ်က မသင်္ကာတော့ ပိတ်သိမ်းတာလို့ကြားတယ်။တချို့ဆေးရုံတွေကတော့ အခွန်တွေမတန်တဆတောင်းတော့မပေးနိုင်တာလို့ကြားတယ် “လို့ နီးစပ်သူတွေကပြောပါတယ်။

​ဆေးရုံ​တွေကိုပြီးခဲ့တဲ့တပတ်အတွင်းမှာ ပိတ်သိမ်းခဲ့လို့သိရပြီး ဘယ်လောက်အကြာပိတ်သိမ်းမယ်ဆိုတာတော့ မသိရသေးပါဘူး။

၂၀၂၃ခုနှစ်ဇန်နဝါရီလကလည်း CDMဆရာဝန်များကိုလက်ခံတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံ၅ရုံဖြစ်တဲ့နန်းတော်ဆေးရုံ၊မြို့တော်ဆေးရုံ၊ကံ့ကော်ဆေးရုံ၊စိန်ပန်းဆေးရုံ၊ထက်နေလင်းဆေးရုံတို့ကိုလည်း၅လပိတ်သိမ်းကာ ဆေးခန်းပိုင်ရှင်တချို့ကိုလည်းဖမ်းဆီးခဲ့ပါသေးတယ်။

၂၀၂၁ခုနှစ်ထဲမှာလည်း နာမည်ကြီးကင်ဆာရောဂါကုဆေးခန်းကို ချိတ်ပိတ်ကာစစ်​ကောင်စီက ဆေးပစ္စည်းတွေလုယက်ယူဆောင်ခဲ့သလို ဆရာဝန်တွေကိုဖမ်းဆီးခဲ့တာမို့လူနာတွေသေဆုံးတာတွေလည်း ရှိခဲ့သေးတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးကစစ်မှုထမ်းသင်တန်းဆင်းတွေ ရာဂဏန်းလောက်ကို မတ္တရာမြို့နယ်၊ထီးတော်မိုးတပ်သားစုဆောင်းရေးထဲကိုပို့ဆောင်ထားပြီး စစ်တပ်က မတ္တရာမြို့နယ်အရှေ့ခြမ်းကိုစစ်ကြောင်းတွေထိုးလာနိုင်တယ်လို့ မတ္တရာမြို့နယ်က ​တော်လှန်ရေးတပ်တွေနဲ့ ​ဒေသခံတချို့က​ပြောပါတယ်။

သတင်း

မန္တ​လေးနန်းတွင်းထဲကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)လုံခြုံရေးအတွက် မန္တလေးမြို့လယ်ခေါင်ကို စစ်တပ်အမိန့်နဲ့အထပ်မြင့်အဆောက်အဦးဆောက်လုပ်ခွင့်ကန့်သတ်ထားတယ်လို့ ဆောက်လုပ်​ရေးလုပ်ငန်း​​တွေဆီကစုံစမ်းသိရပါတယ်။

သတင်း

မန္တလေးမှာ ပျုစောထီးခေါင်းဆောင် ပေါက်ကိုယ်တော် ရဲ့ တပည့် အမျိုးသား ၂ ဦး ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက ပစ်ခတ်ခံရ ပြီး ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

News Story

ဇန်နဝါရီလ ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်ကဖြစ်သည်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၆၉Aလမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားသို့ အဖြူနှင့် လိမ္မော်ရောင်စပ်ကြား Honda Click ဆိုင်ကယ် မောင်းနှင်လာသော လူငယ်တစ်ဦး ဝင်ရောက်လာခဲ့သည်။