ကျော်ဇော/People’s Spring
ရန်ကုန်တိုင်း၊ ရွှေပြည်သာသပိတ်ကော်မတီမှ ကိုရန်နောင်ကြည်ဝင်းနှင့် ကိုသက်ထူးဇော်တို့ကို စစ်ကောင်စီ၏ အင်းစိန်ထောင်တွင်း စစ်ခုံရုံးမှ အလုပ်နှင့် ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်ကြောင်း သပိတ်ကော်မတီဝင်တစ်ဦးကလူထုနွေဦးသို့ ပြောသည်။
စစ်ကောင်စီက ကိုရန်နောင်ကြည်ဝင်း နှင့် ကိုသက်ထူးဇော်တို့ကို ၂၀၂၄ ခုနှစ်ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ အမှတ် (၈)ရပ်ကွက်ရှိ မိုတယ်တစ်ခုတွင် ဧည့်စာရင်းအကြောင်းပြဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်၌ ဖမ်းဆီးချုပ်နှောင်ထားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ၎င်းတို့နှစ်ဦးကို စစ်ကောင်စီက ဆူပူစေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(က)ဖြင့်အမှုဖွင့်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အင်းစိန်ထောင်တွင်းစစ်ခုံရုံ၌ ဆွဲချက်တင်၍ အလုပ်နှင့် ထောင်ဒဏ်သုံးနှစ် အမိန့်ချမှတ်ခဲ့ခြင်းဟု ရွှေပြည်သာသပိတ်ကော်မ တီဝင်တစ်ဦးက ပြောသည်။

Public Service Announcement
“ကိုရန်နောင်နဲ့ ကိုသက်ထူးတို့ကို ဖမ်းသွားတာက သူတို့တည်းတဲ့ မိုတယ်ပေါ့ မိုတယ်မှာဖမ်းသွားတာ။ မိုတယ်တို့ တည်းခိုခန်းတို့ကလည်း ဒီမိုတယ်ရှိနေတဲ့ မြို့နယ်တို့၊ ရပ်ကွက်တို့ကို နေ့စဥ်ပုံမှန် ဧည့်စာရင်းတင်ရတယ်။ တည်းခိုတဲ့လူတွေရဲ့ မှတ်ပုံတင်တွေပါ တွဲတင်ရတယ်။ အဲဒီမှာ ကိုရန်နောင်ကြည်ဝင်းရဲ့မှတ် ပုံတင်ကိုတွေ့သွားပြီးတော့ ဝင်ဖမ်းတာပေါ့” ဟု ဖမ်းဆီးခံရစဥ်က အခြေအနေကို ၎င်းက ဆက်ပြောသည်။
အဆိုပါ သပိတ်ကော်မတီဝင်နှစ်ဦးသည် ဒီဇင် ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် “အ ပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့”လှုပ်ရှား မှုကို ရွှေပြည်သာသပိတ်ကော်မတီနှင့် မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ(NGYSC) တို့ ပူးပေါင်းဖော်ဆောင်ပြီးညပိုင်းတွင် ခေတ္တဝင်ရောက်တည်းခိုသည့် မိုတယ်၌ စစ်ကောင် စီ၏ ဖမ်းဆီးခြင်းခံရခြင်း ဖြစ်သည်။
“လုပ်ပိုင်ခွင့်အာဏာက သူတို့လက်ထဲမှာရှိတာဆိုတော့ တခြားပုဒ်မတွေ အမျိုးမျိုးပြောင်းတတ်နိုင်တယ်။ အခုလက်ရှိ ပုဒ်မ ၅၀၅(က)နဲ့ နှစ်ယောက်လုံးကို အမိန့်ချထားပေမယ့် နောက်ထပ်ဘယ်လိုဆက်ဖြစ်မလဲဆျုတာတော့ အာဏာပိုင်တွေအပေါ်မှာပဲ မူ တည်မှာ”ဟု ရွှေပြည်သူသာသပိတ်ကော်မတီဝင်တစ်ဦးက မှတ်ချက်ပေးသည်။
စစ်ကောင်စီ၏မတရားဖမ်းဆီးခံရမှုကြောင့် အင်းစိန်ထောင်စစ်ခုံရုံးမှ အလုပ်နှင့်ထောင် ဒဏ်သုံးနှစ်ချမှတ်ရသည့် ရွှေပြည်သာသ ပိတ်ကော်မတီဝင် ကိုရန်နောင်ကြည်ဝင်းသည် ဒုတိယအကြိမ်မြောက် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရခြင်းဖြစ်သည်။
