close
Connect with us

Hi, what are you looking for?

သတင်း

KIAဌာနချုပ်ဟောင်း လိုင်စင်ဒေသကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ဗန်းမော်လေယာဉ်ကွင်းကို KIA အပြီးသတ်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းနေ

ဗန်းမော်လေဆိပ်အား သိမ်းပိုက်ပြီးနောက်တွေ့ရသော KIA ပူးပေါင်းတပ်မှ ရဲဘော်များ။(ဓာတ်ပုံ - ဗန်းမော်လေဆိပ်ရုပ်သံဖိုင်)

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ်ဟောင်းနယ်မြေ လိုင်စင်ဒေသကို စစ်ကောင်စီက ယမန်နေ့(ဇန်နဝါရီ ၂၆ရက်)ညပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

ဇန်နဝါရီ ၂၆ရက် ည ၇နာရီဝန်းကျင်တွင် လိုင်စင်ဒေသကို စစ်ကောင်စီက ဗုံး သုံးလုံးကြဲချ တိုက်ခိုက်ခဲ့ပြီး လက်ရှိ KIA ဌာနချုပ် လိုင်ဇာအနီးကိုလည်း လေယာဉ်ပျံသန်းမှုပြုလုပ်ခဲ့ဟု The Kachin Sub-State Mediaက ဒေသသတင်းရင်းမြစ်ကို ကိုးကားဖော်ပြသည်။

ယင်းနှင့်ပတ်သက်၍ ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း “လိုင်စင်ဘက် လေယာဉ်တိုက်ခိုက်မှုရှိတယ် ပြောတယ်။ သေချာတော့ မသိသေးဘူး။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

“မနေ့ညက လိုင်စင်ဘက်မှာ သုံးလုံးလောက်သွားချတယ်လို့ ပြောတယ်။ နေရာအသေးစိတ်တော့မသိဘူး။ လိုင်စင်ဘက်မှာလို့တော့ ပြောတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

KIAနှင့် ပူးပေါင်းတပ်များ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် အထိနာနေသည့် စစ်ကောင်စီသည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း KIA ဌာနချုပ် လိုင်ဇာကမြို့ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။

KIAသည် ဇန်နဝါရီ ၂၄ရက်တွင် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို အရှိန်မြှင့်ခဲ့ရာ (၇၀၀၆)သံချပ်ကာ တပ်ရင်း အပြီးသတ်သိမ်းပိုက်ပြီး သံချပ်ကာယာဉ် ၈စီးကို သိမ်းပိုက်ရရှိထားသည်ဟု သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဇန်နဝါရီ ၂၆ရက်တွင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)အနီးရှိ ဗန်းမော်မြို့လေယာဉ်ကွင်းကိုလည်း KIAက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ညပိုင်း၌ ပြောပြသည်။

“ဗန်းမော်လေယာဉ်ကွင်း Sold Out သွားပြီ။ အကုန်ရသွားပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အခြားစစ်ရေးသတင်းရင်းမြစ်ကလည်း “ဗန်းမော်လေယာဉ်ကွင်းကို နယ်မြေရှင်းလင်းနေလို့ သိရ”ဟု ပြောသည်။

လိုင်စင်ဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့်စက်ရုံ (ကပစ-၂၂)မှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ မိသားစုဝင် လေးဦးထိခိုက်သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

မန္တလေး၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာ စာသင်ကျောင်းအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ရဲဘော်များအပါအဝင် ၁၈ ဦးခန့်သေဆုံးပြီး ၂၀ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးက ခရီးသည်တင်ယာဥ်တွေဆိုက်ပြီး အနားယူချိန်ဆို ယာဥ်မောင်းအချင်းချင်း နှုတ်ဆက်တဲ့စကားက "ဒီနေ့ပါသေးလား"ဆိုတဲ့ စကားတောင် ဖြစ်နေပြီလို့​ စုံစမ်းသိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အုမ္မသီးကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၂၀ခန့် ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့(ဇန်နဝါရီ ၂၆ရက်)တွင် သတင်းထုတ်ပြန်သည်။