close
Connect with us

Hi, what are you looking for?

သတင်း

မကွေးတိုင်းအနောက်ခြမ်း၌ စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ၍ စလင်းပကဖ လမ်းပိုင်းအချို့ပိတ်

မကွေးတိုင်းအနောက်ခြမ်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)သုံးခုကို ဓာတ်အားပေးနေသည့် ဓာတ်အားခွဲရုံကာကွယ်ရန် စစ်ကောင်စီက အင်အားအလုံးအရင်းဖြည့်တင်းနေကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူ ကိုအောင်ဆန်းက လူထုနွေဦးသို့ ပြောသည်။

၂၀၂၄ ဒီဇင်ဘာ ၅ရက်က စလင်းပကဖ ရဲဘော်များ လမ်းပိုင်းစစ်ဆေးရေးပြုလုပ်နေစဥ်။ ဓာတ်ပုံ - စလင်း ပကဖ

ရဲခေါင်/People’s Spring

မကွေးတိုင်းအနောက်ခြမ်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)သုံးခုကို ဓာတ်အားပေးနေသည့် ဓာတ်အားခွဲရုံကာကွယ်ရန် စစ်ကောင်စီက အင်အားအလုံးအရင်းဖြည့်တင်းနေကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူ ကိုအောင်ဆန်းက လူထုနွေဦးသို့ ပြောသည်။

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဆင်ဖြူကျွန်းမြို့ နှင့် တညောင်မြို့ဆက်သွယ်ထားသော ကားလမ်းပိုင်းကို ယနေ့(ဇန်နဝါရီ ၂၂ရက်)မှစ၍ ယာယီပိတ်ပင်ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ကြေညာထားသည်။

ဆင်ဖြူကျွန်းမြို့ နှင့် တညောင်မြို့ ကားလမ်းပိုင်းတွင် စစ်ကောင်စီက ယာဥ်တန်းအများအပြားသုံးကာ အင်အားဖြည့်တင်းမှုကြောင့် အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားလာနိုင်၍ လမ်းပိုင်းအသုံးပြုမှုကို တားမြစ်ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) ၂၅ရုံရှိရာ မကွေးတိုင်းအတွင်း၌ ကပစ စက်ရုံ ၁၅ရုံအထိ ရှိနေသည်။

ယခု စစ်ကောင်စီတပ်သည် ဆိတ်ဖြူအခြေစိုက် စစ်ကောင်စီလေတပ်သုံး ဗုံးသီးများထုတ်လုပ်သည့် အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)၊ ဘက်နက်များထုတ်လုပ်သည့် ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုးကျွန်းရွာအခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ −၂၂ )နှင့် ကျည်ဆန်နှင့် လေကြောင်းရန်ကာကွယ်ရေးလက်နက်ကြီးများထုတ်လုပ်သည့် လောင်းရှည်မြို့ရှိ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ −၂၅)တို့ကို အင်အားဖြည့်တင်းနေခြင်း ဖြစ်သည်။

“တညောင်က လျှပ်စစ်ဓာတ်အားခွဲရုံကနေပေးတဲ့ ဓာတ်အားက ကပစ−၂၁ ၊ကပစ ၂၂ နဲ့ ကပစ ၂၅ ဆီ ပေးတာဗျ။ကျွန်တော်တို့ကသာ ဒီဓာတ်အားလိုင်းကို ဖြတ်တောက်တာမျိုး တစ်ခုခုလုပ်လိုက်မယ်ဆို ကပစ သုံးခုရဲ့လည်ပတ်မှု ပြဿနာဖြစ်လာနိုင်တယ်လို့ စကစ က တွက်ချက်ထားပုံရတယ်။သူတို့အတွက်တော်တော်အရေးပါပုံရတဲ့ အခြေအနေလို့ပြောလို့ရတယ်”ဟု ကိုအောင်ဆန်းက ပြောသည်။

စစ်ကောင်စီတပ်သည် ချောက်၊ဆိပ်ဖြူ နှင့် ပခုက္ကူ မြို့နယ်အခြေစိုက်တပ်များဖြင့် စလင်းမြို့နယ်ကို အင်အား ၂၀၀ခန့်သုံး၍ ဆင်ဖြူကျွန်းနှင့် တညောင် ကားလမ်းဘေးရှိ ကျေးရွာများအား ပြီးခဲ့သည့်လပိုင်းကစ၍ စစ်ကြောင်းထိုးခဲ့သည်။

“တိုက်ပွဲကတော့ နပခ(အမ်း)ကျသွားပြီးကတည်းက စလင်းဘက်မှာ ခပ်စိပ်စိပ်ဖြစ်လာတယ်။သူတို့ဘက်က စလင်းမြို့နယ်ကို ခံစစ်စည်း စပြင်လာတာပေါ့”ဟု စလင်း ပကဖ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီး၊ဒရုန်းနှင့် လေကြောင်းပစ်ကူကြောင့် သေဆုံးသည့်အရပ်သားအချို့နှင့် ထိခိုက်ဒဏ်ရာရရှိသူများရှိနေသည်။

မကွေးတိုင်းအနောက်ဘက်ခြမ်းရှိ စလင်းမြို့နယ်သည် ဆော၊ဆိပ်ဖြူ၊ချောက်၊ရေနံချောင်း၊ပွင့်ဖြူ နှင့် စေတုတ္တရာမြို့နယ်တို့နှင့်ထိစပ်နေသည်။စလင်းမြို့တောင်ဘက်ခြမ်းတွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ −၂၅၃၊၂၅၄၊၂၅၅)တပ်တို့ အခြေစိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ် ပွားပြီး PDF ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အမည်အသုံးပြုကာ လိမ်လည်ငွေတောင်းခံမှုများရှိနေသောကြောင့် ယင်းကိစ္စမျိုးကြုံရပါက အဖွဲ့သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်း စလင်း ပကဖ၏ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

ယနေ့ ညနေ ၃နာရီခန့်တွင် စစ်ကောင်စီက Mi35ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုမသိရှိရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း

စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ကာကွယ်ရေးတပ်များရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဇူလှိုင်၂၃ ရက်နှင့် ၂၄ ရက်တို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။