close
Connect with us

Hi, what are you looking for?

သတင်း

တနိုင်းမြို့နယ်တွင် ပြည်သူ ၂၀ခန့် သေဆုံးခဲ့သော စစ်ကောင်စီလေကြောင်းတိုက်ခိုက်သည့်စစ်ရာဇဝတ်မှုအတွက် အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးမှ အမြန်ဆုံးအရေးယူပေးရန် KHRW တောင်းဆို

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ရွှေမှော်နှစ်ခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၂၀ခန့် သေဆုံးခဲ့သော စစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးမှ အမြန်ဆုံးထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေး(KHRW)က ယနေ့(ဇန်နဝါရီ ၁၂ရက်)တွင် ထုတ်ပြန်သည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ စန်လွန်ရွှေမှော်ကို စစ်ကောင်စီတပ် ဗုံးကြဲပြီးနောက် အပျက်အစီးများအား ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Kachin News Group

ကဖေး/People’s Spring

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ရွှေမှော်နှစ်ခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၂၀ခန့် သေဆုံးခဲ့သော စစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးမှ အမြန်ဆုံးထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေး(KHRW)က ယနေ့(ဇန်နဝါရီ ၁၂ရက်)တွင် ထုတ်ပြန်သည်။

တနိုင်းမြို့နယ်ရှိ လပူခရွှေမှော်နှင့် စန်လွန်ရွှေမှော်ကို ဇန်နဝါရီ ၁၁ ရက်တွင် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ကလေးငယ်များအပါအဝင် ပြည်သူ၂၀ခန့် သေဆုံးခဲ့ပြီး ၁၀ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KHRWက ထုတ်ပြန်သည်။

” အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူလူထုများအပေါ် လူသားမျိုးနွယ် ဖြစ်တည်မှုကို ရွည်ရွယ်ချက်ရှိရှိ ထပ်မံချိုးဖောက်လိုက်ခြင်းဖြစ်ပါသည်”ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုအပေါ် ချိုးဖောက်ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (International Criminal Court – ICC)မှ အမြန်ဆုံးထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် KHRWက တောင်းဆိုထားသည်။​

လေကြောင်းတိုက်ခိုက်မှုအတွင်း ၁၅ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရသည်ဟု ကနဦးသတင်းရရှိထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး‌နော်ဘူက ဖြေကြားထားသည်။

ကချင်ပြည်နယ်တစ်ခုလုံး ၂၀၂၄ တစ်နှစ်တာ ပဋိပက္ခအတွင်း အရပ်သားသေဆုံးသူ ၁၄၂ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၆၇ ဦး၊ စစ်ကောင်စီက မတရားဖမ်းဆီးထားသူ ၂၁၉ဦးရှိကြောင်း KHRWက ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတကာကုမ္ပဏီများအ‌နေဖြင့် လေယာဉ်ဆီနှင့် ဆက်စပ်ပစ္စည်းများပံ့ပိုးပေးနေသည့်ကိစ္စရပ်များ ရပ်တန့်ပေးရန် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign – BMC) က ဇန်နဝါရီ ၁၀ရက်တွင် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတကာကုမ္ပဏီများအ‌နေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် လေယာဉ်ဆီနှင့် ဆက်စပ်ပစ္စည်းများပံ့ပိုးပေးနေသည့်ကိစ္စရပ်များ ရပ်တန့်ပေးရန် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign - BMC)က ဇန်နဝါရီ ၁၀ရက်တွင် တောင်းဆိုသည်။

သတင်း

TNLA ကြုံနေသည့် အခက်အခဲများ ဝိုင်းဝန်းဖြေရှင်းရန် အမြဲအသင့်ရှိဟု MNDAAနှင့် AA အသိပေး

သတင်း

ကနဦးသတင်းများအရ ပြည်သူ ၁၀ဦးထက်မနည်းသေဆုံး၊ ဒဏ်ရာရသူ များပြား

သတင်း

ရက္ခိုင်ပြည်နယ်၊ ကျောက်တော်မြို့၏ လူနေထူထပ်သောရပ်ကွက်နှင့် ဈေးအတွင်းကို စစ်ကောင်စီက ယနေ့နံနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားအချို့ သေဆုံးထိခိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။