close
Connect with us

Hi, what are you looking for?

သတင်း

မူသယ်ဒေသရှိ စစ်ကောင်စီ နှစ်ပေါင်း၅၀နီးပါးတပ်စွဲထားသည့် ခူသေစိုးတပ်စခန်းအားသိမ်းနိုင်ခဲ့ဟု KNU အသိပေး ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦးသေ၊ လက်နက်ခဲယမ်းများရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် မူသယ်ဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဇန်နဝါရီ ၅ရက်က သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထွက်ပြေးမှုများရှိပြီး လက်နက်များလည်းရရှိခဲ့ကြောင်း KNU ဗဟိုက ဇန်နဝါရီ ၉ရက်တွင် ထုတ်ပြန်သည်။

ခူသေစိုးတပ်စခန်းမှ သိမ်းပိုက်ရရှိသောလက်နက်ခဲယမ်းများနှင့် တပ်မဟာ(၃)တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး ပူးပေါင်း တပ်များ။ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် မူသယ်ဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဇန်နဝါရီ ၅ရက်က သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထွက်ပြေးမှုများရှိပြီး လက်နက်များလည်းရရှိခဲ့ကြောင်း KNU ဗဟိုက ဇန်နဝါရီ ၉ရက်တွင် ထုတ်ပြန်သည်။

မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းအား KNU တပ်မဟာ (၃)တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ၂၀၂၄ ဒီဇင်ဘာ ၃၁ရက် တွင်စတင်တိုက်ခိုက်ခဲ့ရာ ၆ရက်အကြာ ၂၀၂၅ ဇန်နဝါရီ ၅ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြသည်။

စခန်းသိမ်းပိုက်စဉ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံးခဲ့ပြီး အချို့ ထွက်ပြေးသွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ်၏ (၈၁)မမ လက်နက် ကြီးတစ်လက်အပါအဝင် လက်နက်ကြီး၊လက်နက်ငယ်များနှင့် ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။

KNU၏ ထုတ်ပြန်ချက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်ကျဆုံးအခြေအနေကို ဖော်ပြမထားပေ။

ကရင်သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အရ မူသယ်အခြေစိုက်စစ်ကောင်စီစခန်း သိမ်းပိုက်မှုဖြစ်စဉ်တွင် တော်လှန်ရေးရဲဘော်အချို့ ကျဆုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါတပ်စခန်းသည် ကျောက်ကြီးမြို့နယ် အတွင်းနှစ်ပေါင်း ၅၀နီးပါတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းဖြစ်သည်ဟုလည်း KNUက အသိပေးသည်။

KNUသည် စစ်တပ်အာဏာသိမ်းပြီးနောက် ၄နှစ် တာအတွင်း စစ်ကောင်စီတပ်စခန်း ၁၄၀ကျော်ကို သိမ်းပိုက်နိုင်ခဲ့ရာ ထက်ဝက်ကျော်မှာ ပြီးခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယခု ၂၀၂၅တွင် စစ်ရေးအရှိန်ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း KNUဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"ကျွန်​တော်တို့အညာကလည်း အချဥ် မဟုတ်ပါဘူးဗျ " နှစ်သစ် ၂၀၂၅မှာ အညာသား PDF တ​ယောက်က ဂုဏ်ယူဝံ့ကြွားစွာ​ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ဂွမြို့နှင့်ဆက်စပ်နေသည့် ရွှေသောင်ယံမြို့နယ် ကုလားချောင်းကျေးရွာမှ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်း ပထမဆုံးအကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးပြီး လေးဦးခန့် ပြင်းထန်ဒဏ်ရာရကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အတွေးအမြင်

နိုင်ငံအနှံ့စစ်ရေးအကြီးအကျယ်ရှုံးနိမ့်၊တပ်ပျက်နေတဲ့စစ်ကောင်စီတပ်ဟာ ၂၀၂၃ ခုနှစ်နိုဝင်ဘာလမှ၂၀၂၄ ခုနှစ်ဒီဇင်ဘာလအထိ လက်နက်ချ၊ စစ်သုံ့ပန်း၊ သေဆုံး၊ ပျောက်ဆုံး နဲ့ မိမိကိုယ်ကိုသတ်သေ အပါအဝင် ဗိုလ်ချုပ် နှင့် ဗိုလ်မှူးချုပ်အဆင့် စစ်အရာရှိကြီးများ ထိခိုက်ဆုံးရှုံးမှု (၂၅) ဦးထိ ရှိလာခဲ့ပါတယ်။