close
Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းကို စစ်ကောင်စီ ပထမဆုံးအကြိမ် လေကြောင်း တိုက်ခိုက်

ရခိုင်ပြည်နယ်၊ ဂွမြို့နှင့်ဆက်စပ်နေသည့် ရွှေသောင်ယံမြို့နယ် ကုလားချောင်းကျေးရွာမှ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်း ပထမဆုံးအကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ကဖေး/People’s Spring

ရခိုင်ပြည်နယ်၊ ဂွမြို့နှင့်ဆက်စပ်နေသည့် ရွှေသောင်ယံမြို့နယ် ကုလားချောင်းကျေးရွာမှ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်း ပထမဆုံးအကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဇန်နဝါရီ ၈ရက် နံနက်က ကုလားချောင်းကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက် ခြင်းဟု စစ်ဘေးရှောင်ဒေသခံများက ပြောသည်။

” လေကြောင်းကနေ ဗုံးကြဲတယ်။ ရေတပ်ကနေလည်း ပစ်တယ်။ ဒေသခံတွေနေလို့ မရတော့လို့ ပြေးလာကြရတယ်ဗျ”ဟု ချောင်းသာသို့ရောက်ရှိနေသည့် ကုလားချောင်းရွာဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဂွမြို့နှင့် ရွှေသောင်ယံမြို့သည် ကျောက်ချွန်ကျေးရွာတွင် နယ်မြေချင်းထ်ိစပ်နေသည်။

ယခု လေကြောင်းတိုက်ခိုက်ခံရသော ကုလားချောင်းရွာသည် ဂွမြို့နယ်စပ်နှင့် (၁၀)မိုင်ခန့်ဝေးသည်။

မြေပြင်အခြေအနေအသေးစိတ်ကို ပြောကြားခြင်းမရှိသော်လည်း ကုလားချောင်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

” ကုလားချောင်း မရောက်ခင် တောင်ကုန်းနှစ်ခုမှာ တိုက်ပွဲဖြစ်တာ။ စစ်ကောင်စီက လေယာဥ်လာကြဲတယ်။မကျီးဇင်က စစ်တပ်က ဘောမိကို တပ်ဆုတ်သွားတယ်”ဟု အဆိုပါရဲဘော်ကပြောသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုရှိ၊ မရှိကို မသိရသေးပေ။

စစ်ကောင်စီသည် ဒီဇင်ဘာလဆန်းကစတင်၍ ရွှေသောင်ယံမြို့နှင့် မိုင်၂၀ခန့်ဝေးသော မကျီးဇင်ရွာ၌ ခံစစ်ပြင်ဆင်ခဲ့သည်။

ဒေသခံများသည် ရွှေသောင်ယံမြို့ပေါ်နှင့် အခြားမြို့များသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းတွင် ဂွမြို့မှထွက်ပြေးလာသော စစ်ကောင်စီတပ်သားများနှင့် မကျီးဇင်အခြေချစစ်ကောင်စီတပ်ဖွဲ့များ အချင်းချင်းပစ်ခတ်မှုဖြစ်ခဲ့သည်။

ထွက်ပြေးလာသူများကို ဟန့်တားခြင်းဖြစ်ပြီး အချင်းချင်းဖမ်းဆီးမှုများလည်းရှိကြောင်း၊ ဖမ်းဆီးထားသူ ၁၀ဦးထက်မနည်းကို ရွှေ သောင်ယံမြို့ရှိစစ်တပ်ရိပ်သာ၌ ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

ဂွမြို့နှင့် ကုန်းလမ်းချင်းဆက်စပ်နေသော ဂွ-ငါးသိုင်းချောင်းလမ်းတွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်နေသည်။

ငါးသိုင်းချောင်းမြို့နှင့် ၂၂မိုင်အကွာ၌ စစ်ကောင်စီတပ်စွဲထားသည့်ဗေဒါဂိတ်ကို ပူးပေါင်းတပ်များက ဇန်နဝါရီ ၇ရက် နံနက်တွင် သိမ်းယူခဲ့သည်။

ဗေဒါဂိတ်အားမတိုက်ခိုက်မီ လွန်ခဲ့သော ဒီဇင်ဘာလဆန်းမှစတင်၍ ဒေသခံများ ဘေးလွတ်ရာ၌တိမ်းရှောင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးခဲ့သည်။

သို့သော် စစ်ကောင်စီက တိုင်းဝန်ကြီးချုပ်အမိန့်ဟုဆိုကာ ဒေသခံများ မထွက်ခွာရန်နှင့် ထွက်ခွာသွားသူများ၏နေအိမ်များအားချိပ်ပိတ်မည်ဟု ခြိမ်းခြောက်ထားကြောင်းဒေသခံများကပြောသည်။

ဂွနှင့် ရွှေသောင်ယံနယ်စပ်မှ ဒေသခံများကိုလည်း စစ်ဘေးတိမ်းရှောင်ကြရန် ပူးပေါင်းတပ်

များက သတိပေးထားသော်လည်း စစ်ကောင်စီကတားမြစ်ထားသလို ဧရာဝတီတိုင်းအတွင်း မြို့နယ်များတွင် ဗုံးခိုခြင်းမတူးရန်လည်း ခြိမ်းခြောက်နေသည်ဟု စုံစမ်းသိရှိရသည်။

စစ်ကောင်စီသည် ဧရာဝတီတိုင်းအတွင်း ရေကြည်နှင့် ရွှေသောင်ယံမြို့နယ်၌ လေယာဉ်ကွင်း အရေးပေါ်တည်ဆောက်နေသလို ဟင်္သာတမြို့လေယာဉ်ကွင်းကိုလည်း ပြင်ဆင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးပြီး လေးဦးခန့် ပြင်းထန်ဒဏ်ရာရကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အတွေးအမြင်

နိုင်ငံအနှံ့စစ်ရေးအကြီးအကျယ်ရှုံးနိမ့်၊တပ်ပျက်နေတဲ့စစ်ကောင်စီတပ်ဟာ ၂၀၂၃ ခုနှစ်နိုဝင်ဘာလမှ၂၀၂၄ ခုနှစ်ဒီဇင်ဘာလအထိ လက်နက်ချ၊ စစ်သုံ့ပန်း၊ သေဆုံး၊ ပျောက်ဆုံး နဲ့ မိမိကိုယ်ကိုသတ်သေ အပါအဝင် ဗိုလ်ချုပ် နှင့် ဗိုလ်မှူးချုပ်အဆင့် စစ်အရာရှိကြီးများ ထိခိုက်ဆုံးရှုံးမှု (၂၅) ဦးထိ ရှိလာခဲ့ပါတယ်။

သတင်း

မိုးကုတ်မြို့အား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်နှင့်ဘုန်းကြီးကျောင်းပျက်စီးမှုများ ရှိခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

သတင်း

မံစီမြို့ရှိ ခမရ(၆၀၁)၊ ခမရ(၃၁၉)နှင့် အမတ (၃၅၂) တပ်ရင်းများကို ယနေ့ နံနက် ၁၁နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။