ရဲခေါင်/People’s Spring
စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်၊ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း Loikaw Local PDF က ယနေ့ ထုတ်ပြန်သည်။
စက်တင်ဘာ ၂၉ ရက်တွင် လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ စစ် ကောင်စီတပ်သား အေးချမ်းအောင် အလင်းဝင် လာခြင်းဟု ဆိုသည်။
၎င်းက MA -11သေနတ် တစ်လက် ၊ ကျည်ဘောက် ၃ဘောက်၊ ကျည်ဆံ ၂၄၇တောင့် ၊ လက် ပစ်ဗုံး ၁လုံး ၊ ၁၄မိုင်း ၁လုံး ယူဆောင်လာကြောင်း အသိပေးသည်။

Public Service Announcement
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားအေးချမ်းအောင်သည် စစ်ကောင်စီ၏ ရဲဘော် သစ်စုဆောင်းရေးတွင် အတင်းအဓ္ဓမ ခေါ် ဆောင်ခြင်း ခံခဲ့ရသူဟု ဆိုသည်။
“ပြည်သူနဲ့ ရပ်တည်ချက်အတူ ခံယူချင်တဲ့အတွက် သူ့ဆန္ဒအလျောက် CDM ဝင်လာတာ”ဟု Loikaw Local PDF တာဝန်ရှိသူက ပြောသည်။
ထို့အပြင် တပ်သား မောင်အေးချမ်းအောင် ကဲ့သို့ အလင်းဝင်ရောက်ပူးပေါင်းခိုလူံ မည့်သူများအားစိစစ်၍ လက်ကမ်းကြိုဆိုမည်ဟု အသိပေးသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကရင်နီ(ကယား)ပြည်နယ်၌ CDM ပြုလုပ်ထားသည့် ရဲ တပ်ဖွဲ့ဝင် ၃၀၀ကျော်ရှိပြီး စစ်ကောင်စီ တပ်သား ၁၅၀ခန့် ရှိကြောင်း ကရင်နီပြည်သူ့ရင်ခွင်၏ အချက်အလက်များအရ သိရသည်။
တခြားသတင်းတရပ်အဖြစ် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်း ရဲတပ်သားတစ်ဦး သည် G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု ၊ ကျည် ၁၉၈ တောင့်၊ လက်ပစ် ၁လုံးနှင့် အတူ အလင်းဝင်လာသည်ဟင မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။
