ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် CDM လုပ်ပြီးနောက် ပြည်သူ့စစ်သားPDF အဖြစ် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားဟောင်းတစ်ဦးအား ဆုငွေချီးမြှင့်ခဲ့သည်။
ပြီးခဲ့သည့် မေလ ၂၆ ရက်က ဆားလင်းကြီးမြိုမရဲစခန်းမှ ရဲတပ်သား ထူးကောင်းဆက်(ခ)ထူးကြီးသည် ယင်းမာပင်ခရိုင်၊တပ်ရင်း၁၆တပ်ခွဲ၄ Salingyi Revolution Eagles (SRE)အဖွဲ့ထံ G3 တစ်လက်၊7.62ကျည် ၁၅တောင့်၊ကျည်ဘောက်တစ်ဘောက်၊ဓါးတစ်ချောင်းနှင့်အတူ အလင်းဝင်ရောက်ခဲ့သည်။

Public Service Announcement
ယခုအခါ ၎င်းသည် SRE အဖွဲ့၌ပင် ပြည်သူ့စစ်သားအဖြစ် တာဝန်ထမ်းဆောင်နေပြီး ၎င်းအား စက်တင်ဘာ ၂၀ ရက်က ဆုငွေကျပ် ၃၆ သိန်းချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း Salingyi Revolution Eagles အဖွဲ့၏ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောသည်။
“အဲ့အချိန်ကတည်းက MODကို CDM code ရအောင် အကြောင်းကြားတင်ပြခဲ့ပြီး ယခုလမှာတော့ MODက ပေးအပ်တဲ့ ဆုကြေးငွေလက်ခံရရှိခြင်းဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းက ဆုကြေးပေးဖို့အစီစဉ်ရှိပေမယ့် လက်ရှိအချိန်ထိတော့ မရရှိသေးပါဘူး။ သူ့လုံခြုံရေးကတော့ အားလုံးတာဝန်ယူပါတယ်။ ခုဆိုသူလည်း ပြည်သူ့စစ်သားPDFအဖြစ်တာဝန်ထမ်းဆောင်နေပါပြီ။” ဗိုလ်လင်းယုန်က ပြောသည်။
ပြည်သူလူထုနှင့်အတူ ရပ်တည်လာသော CDM သူရဲကောင်းအား ပြည်သူများအနေဖြင့် တတ်နိုင်သရွေ့ ဝိုင်းဝန်းထောက်ပံ့ ကူညီပေးကြပါရန် Salingyi Revolution Eagles အဖွဲ့က မေတ္တာရပ်ခံထားသည်။
